အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် ပထမအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဖိုရမ်၏ဆက်စပ်အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum- SEANF) ပထမအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေး (1st Technical Working Group Meeting) ကို ဖိုရမ်၏ ၂၀၂၂ ခုနှစ်အတွက်အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံလူ့အခွင့်အရေး ကော်မရှင်က ဦးဆောင်၍ မတ်လ ၂၃ ရက်မှ မတ်လ ၂၄ ရက်အထိ virtual online platform အသုံးပြု၍ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အစည်းအဝေးတွင်-

  • ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့သော ဖိုရမ်၏ (၁၈) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနောက်ပိုင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်များ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှု၊၊
  • ဖိုရမ်၏ ၂၀၂၂-၂၀၂၆ မဟာဗျူဟာစီမံကိန်းနှင့် ၂၀၂၂ ခုနှစ် လုပ်ငန်းစီမံချက်တို့ ပါလုပ်ငန်းရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊၊
  • သက်ကြီးရွယ်အိုများအခွင့်အရေးနှင့်စပ်လျဉ်း၍ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနှင့် စပ်လျဉ်းသောဆောင်ရွက်ချက်များ မျှဝေဆွေးနွေးခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း သတင်းအချက်အလက်များ လုံလောက်စွာမရရှိခြင်းနှင့် လွဲမှားသည့် သတင်းအချက်အလက်များ ဖြစ်ပေါ်စေမှုနှင့် စပ်လျဉ်းသောကိစ္စရပ် များ ဆွေးနွေးခဲ့ကြပါသည်၊၊

အထက်ပါ ဖိုရမ်၏ ဆက်စပ်အစည်းအဝေးတစ်ရပ်အဖြစ် ကျင်းပသော “SEANF Leadership in Mitigating Disinformation to promote Human Rights Online Discussion Series on  Influence Operations”ကို မတ်လ ၂၃ ရက် မွန်းလွဲပိုင်း၌ ပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေး၌  သတင်းအချက်အလက်  လုံလောက် စွာမရရှိခြင်းနှင့် လူ့အခွင့်အရေးအပေါ်သက်ရောက်မှု၊ သတင်းအချက်အလက် လုံလောက်စွာမရရှိခြင်းကြောင့် အမျိုးသမီးများနှင့် အားနည်းထိခိုက်လွယ်သည့် အုပ်စုများအပေါ်သက်ရောက်မှု အစရှိသည့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသော  ကိစ္စရပ်များကို တင်ပြဆွေးနွေးကြပြီး SEANF အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး အဖွဲ့ အစည်းများက အတွေ့အကြုံများ ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများမှ ဖိုရမ်အဖွဲ့ဝင်များ၊ အရှေ့တောင်အာရှ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ဖိုရမ်၏ ဆက်စပ်အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ အရှေ့တောင် အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ဖိုရမ်အဖွဲ့ဝင်အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊  ဖိလစ်ပိုင်နိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

  • အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum- SEANF) ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေး (1st Technical Working Group Meeting) ကို မတ်လ ၂၃ ရက်မှ မတ်လ ၂၄ ရက်အထိ virtual online platform ဖြင့် ကျင်းပပြုလုပ်ခဲ့၊၊
  • ဖိုရမ်၏ ၂၀၂၂-၂၀၂၆ မဟာဗျူဟာစီမံကိန်းနှင့် ၂၀၂၂ ခုနှစ် လုပ်ငန်းစီမံချက်တို့ ပါလုပ်ငန်းရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့၊၊
  • “SEANF Leadership in Mitigating Disinformation to promote Human Rights Online Discussion Series on  Influence Operations” အစည်းအဝေး၌  သတင်းအချက်အလက် လုံလောက်စွာမရရှိခြင်းနှင့် လူ့အခွင့်အရေးအပေါ်သက်ရောက်မှု၊ သတင်းအချက်အလက် လုံလောက်စွာ မရရှိခြင်းကြောင့် အမျိုးသမီးများနှင့် အားနည်းထိခိုက်လွယ်သည့် အုပ်စုများအပေါ်သက်ရောက်မှုအစရှိသည့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသော  ကိစ္စရပ်များဆွေးနွေးခဲ့၊၊

Add new comment