မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့အကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေး

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မတ်လ ၂၄ ရက်တွင် မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးသမဂ္ဂတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးအတွက် ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကြီးစားစီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးချုပ်ရုံးမှ အကြီးအကဲ Mr. Andrey DIANSKY ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက-

  • မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရေးအတွက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးရေးကိစ္စရပ်များ။
  • ဥရောပအာရှစီးပွားရေးသမဂ္ဂဒေသ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အပါအဝင် အဖွဲ့ဝင်နိုင်ငံများရှိ ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာရှိသော စီးပွားရေးနယ်ပယ်များနှင့် ကူညီပံ့ပိုးဆောင်ရွက်သွားမည့် အခြေအနေများ။
  • ဥရောပအာရှစီးပွားရေးကော်မရှင်(EEC)မှ ကိုယ်စားလှယ်အဖွဲ့ဝင်များက ဦးစားပေးပူးပေါင်းဆောင်ရွက်လိုသည့် စီးပွားရေးကဏ္ဍများနှင့် လုပ်ငန်းစီမံကိန်းများ၊ မြန်မာနိုင်ငံနှင့် EEC အကြား အနာဂတ်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဉ်များအား ဆွေးနွေးခဲ့ပါသည်။ 

နေ့လည်ပိုင်းတွင် အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သောဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့က ဆက်လက်ကျင်းပခဲ့ရာ- 

  • ကိုဗစ်-၁၉ အလွန် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာစေရေး ချမှတ်ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်တိုးတက်ကောင်းမွန်စေရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်နေမှုများ။
  • လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ ဓါတ်မြေဩဇာထုတ်လုပ်ရေးကဏ္ဍ၊ စားသုံးဆီထုတ်လုပ်ရေးကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာ့ပို့ကုန်များကို ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာနိုင်ငံမှ လိုအပ်သည့် ဓါတ်မြေဩဇာများ၊ ရေနံထွက်ပစ္စည်းများနှင့် လယ်ယာသုံးစက်ကိရိယာများ တင်သွင်းရေးကိစ္စများကို ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊  မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်မျာအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ EAEU အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက် လျက်ရှိသည့် စီးပွားရေးအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ဥရောပအာရှစီးပွားရေး ကော်မရှင်ဘက်မှ သက်ဆိုင်ရာတာဝန်ရှိအကြီးအကဲများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြပါသည်။

  • မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရေးအတွက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးရေးကိစ္စရပ်များ။
  • ဥရောပအာရှစီးပွားရေးသမဂ္ဂဒေသ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံအပါအဝင် အဖွဲ့ ဝင်နိုင်ငံများရှိ ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာရှိသော စီးပွားရေးနယ်ပယ်များနှင့် ကူညီပံ့ပိုးဆောင်ရွက်သွားမည့် အခြေအနေများ။
  • ဥရောပအာရှစီးပွားရေးကော်မရှင်(EEC)မှ ကိုယ်စားလှယ်အဖွဲ့ဝင်များက ဦးစားပေးပူးပေါင်းဆောင်ရွက်လိုသည့် စီးပွားရေးကဏ္ဍများနှင့် လုပ်ငန်းစီမံကိန်းများ၊ မြန်မာနိုင်ငံနှင့် EEC အကြား အနာဂတ်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဉ်များ ဆွေးနွေးခဲ့။

Add new comment