တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီ-မောတောင်လမ်းပေါ်ရှိ ဗောဓိကမ်းတံတားဖွင့်ပွဲကျင်းပ

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ပြီးစီးသည့် တနင်္သာရီတိုင်းဒေသကြီးရှိ ဗောဓိကမ်းတံတားဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၄ ရက်တွင် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့မှ ပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြပါသည်။

 အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက-

  • တနင်္သာရီတိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဘုရားကြီး-မော်လမြိုင်-မြိတ်-ဘုတ်ပြင်း-ကော့သောင်းလမ်း (အာဆီယံလမ်းမကြီး အမှတ်-၁၁၂) ကို အာဆီယံလမ်းမကြီးများ၏ လမ်း အဆင့်အတန်းသတ်မှတ်ချက်များနှင့်အညီ ရာနှုန်းပြည့်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
  • ထိုကဲ့သို့ဆောင်ရွက်ပေးခြင်းဖြင့် မဟာမဲခေါင်ဒေသစီးပွားရေး စင်္ကြန်လမ်းမကြီးများနှင့်ချိတ်ဆက်ပြီး အာဆီယံဒေသတွင်း ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေခြင်း၊ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ဒေသ ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ကြောင်း။
  • တနင်္သာရီတိုင်းဒေသကြီးတွင် အကောင်အထည်ဖော်မည့် ထားဝယ်စီးပွားရေး အထူးဇုန်သည် မြန်မာနိုင်ငံ၏အကြီးဆုံး အထူးစီးပွားရေးဇုန်တစ်ခုဖြစ်ပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့နှင့် ပင်လယ်ရေကြောင်းလမ်း၊ ရထားလမ်း၊ ကားလမ်းတို့ဖြင့် ချိတ်ဆက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဗောဓိကမ်းတံတားသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီ-မောတောင်လမ်းပေါ်ရှိ ငဝန်ချောင်းပေါ်တွင် တည်ဆောက်ထားပြီး တံတားအရှည် ၇၈၇ ပေ၊ R.C Concrete အမျိုးစားဖြစ်ပြီး တံတား၏ Foundation အပိုင်းကို Bored Pile Foundation ဖြင့်တည်ဆောက်ပြီး  Super Structure အပိုင်းကို P.C Girder & R.C slab တို့ဖြင့် တည်ဆောက်ထား၍ တံတား၏ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ပြီး အဆိုပါတံတားအပါအဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် တံတား ၁၁ စင်း ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

  • တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီ-မောတောင် လမ်းပေါ်ရှိ ဗောဓိကမ်းတံတားဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၄ ရက်တွင် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီကျင်းပခဲ့။
  • ၎င်းတံတားသည် အရှည် ၇၈၇ ပေ၊ R.C Concrete အမျိုးစားဖြစ်ပြီး တံတား၏ Foundation အပိုင်းကို Bored Pile Foundation ဖြင့်တည်ဆောက်ပြီး  Super Structure အပိုင်းကို P.C Girder & R.C slab တို့ဖြင့် တည်ဆောက်ထား၍ တံတား၏ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်။
  • အဆိုပါ တံတားအပါအဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် တံတား၁ စင်း ဖွင့်လှစ်ခဲ့

Add new comment