အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်  မစ္စတာပရပ်ဆုတ်ခွန်းသည် မတ်လ ၂၄ ရက်တွင် ရန်ကုန်မှ ပြန်လည်ထွက်ခွာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သည် မတ်လ ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂအထူးအေဂျင်စီများနှင့်လည်းကောင်း၊ ပြည်သူ့ပါတီဥက္ကဋ္ဌနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့ပြီး မြန်မာ့ကြက်ခြေနီအသင်း၏ လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် လှူဒါန်းထားသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများထားရှိရန် သိုလှောင်ရုံသို့လည်း သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

  • အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သည် မတ်လ ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂအထူးအေဂျင်စီများနှင့်လည်းကောင်း၊ ပြည်သူ့ပါတီဥက္ကဋ္ဌနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့ပြီး မတ်လ ၂၄ ရက်တွင် ရန်ကုန်မှပြန်လည်ထွက်ခွာခဲ့။

Add new comment