နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် အဖွဲ့သည် မတ်လ ၂၃ ရက်တွင် မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ကျွန်းရတနာအစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဌာနဆိုင်ရာ များနှင့်တွေ့ဆုံခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တနင်္သာရီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များအား၊ ဆီအုန်းပင်စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊ ကိုကိုးသီးနှံ ပင်စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများနှင့် “ဝ”ဥစိုက်ပျိုးထုတ်လုပ်နိုင်မှု အခြေအနေများအား အသီးသီးဆွေးနွေးတင်ပြကြရာ  တင်ပြချက်များအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်အတူ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့ပြီး စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များ၊ ဆီအုန်းပင်စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ၊ ကိုကိုးသီးနှံပင်စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများနှင့် “ဝ”ဥစိုက်ပျိုး ထုတ်လုပ်နိုင်မှု အခြေအနေများအား ဆွေးနွေးညှိနှိုင်းခဲ့။

Add new comment