(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုအလှူငွေများ ပေးအပ်လှူဒါန်းပွဲကို မတ်လ ၂၃ ရက်တွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနား၌ ကုမ္ပဏီ ၁၇၆ ခုနှင့် စေတနာရှင်အလှူရှင်များက ဂုဏ်ပြု အလှူငွေ စုစုပေါင်းငွေကျပ် ၇၅၈,၀၈၀,၀၀၀ ကိုပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်၊၊
ဂုဏ်ပြုအလှူငွေ ပေးအပ်လှူဒါန်းပွဲအပြီးတွင် တပ်မတော်နေ့ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးက တက်ရောက်လာသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်၊၊
- (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကုမ္ပဏီ ၁၇၆ ခုနှင့် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုအလှူငွေ စုစုပေါင်းငွေကျပ် ၇၅၈,၀၈၀,၀၀၀ ကို ပေးအပ်လှူဒါန်းခဲ့၊၊
Add new comment