ချေးငွေထုတ်ပေးရန်လျှောက်ထားလာသည့် ကုမ္ပဏီ/လုပ်ငန်း (၈၈၂) ခုကို ချေးငွေထုတ်ယူခွင့်ပြု

ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) ဆုံးဖြတ်ချက်အရ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက် ချေးငွေထုတ်ပေးရန်လျှောက်ထားလာသည့် ကုမ္ပဏီ/လုပ်ငန်းများအနက် ကုမ္ပဏီ/လုပ်ငန်း (၈၈၂) ခုသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူခွင့်ပြုထားပါသည်။

ဆက်လက်၍ ချေးငွေလျှောက်လွှာများကို စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းနှင့် ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည်မဟုတ်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ သတင်း ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

  • ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက် ချေးငွေထုတ်ပေးရန်လျှောက်ထားလာသည့် ကုမ္ပဏီ/ လုပ်ငန်းများအနက် (၈၈၂) ခုသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူခွင့်ပြုလိုက်ပြီး ချေးငွေလျှောက်လွှာများကို ဆက်လက်စိစစ်ခွင့်ပြု ပေးသွားမည်ဖြစ်။
  • ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည်မဟုတ်။

Add new comment