Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထုတ်လုပ်မှုနှင့် မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ

Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထုတ်လုပ်မှုနှင့် မိတ် ဆက်ခြင်းအခမ်းအနားကို   မတ်လ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ နယ်ရှိ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက-

  • ယခုလာမည့် ဧပြီလနှင့် မေလတွင် ကာကွယ်ဆေးထိုးနှံရမည့်သူအားလုံးကို  ၁၀၀ ရာခိုင်နှုန်းပြည့်မီအောင်ထိုးနှံနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း။
  • Sinopharm China National Biotec Group မှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို Ready to Fill Bulk အနေဖြင့် ဝယ်ယူ၍ ပုလင်းသွင်း ဖြည့်တင်းခြင်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယခုအခါတွင် Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စတင်ထုတ်လုပ်မှုနှင့်  မိတ်ဆက်ခြင်းအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခြင်းဖြစ်ကြောင်း။
  • ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် ပုလင်းသွင်းဖြည့်တင်းခြင်းများဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိရာ အာဆီယံဒေသတွင် မြန်မာနိုင်ငံအပါအဝင် ၅ နိုင်ငံဆောင် ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း။
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sinopharm CNBG အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်မှုနည်းစဉ်များနှင့် အရည်အသွေးစမ်းသပ်စစ်ဆေးမှုနည်းစဉ်များကို သင်ကြားလေ့ကျင့်ပေးခဲ့ရာ ယခုကဲ့သို့ Myancopharm  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို   ပြည်တွင်း၌ အောင်မြင်စွာဆောင်ရွက် နိုင်မှုသည် ကာကွယ်ဆေးထုတ်လုပ်မှု နည်းစဉ်များရရှိခဲ့ရုံသာမက နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း။
  • Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် ဆေးပုလင်း ၁ လုံးလျှင် လူ ၅ ဦးစာ (5 Doses)ဖြစ်၍ အပူချိန် (2-8°C) အတွင်းထားရှိရန်လိုအပ်ပြီး  ဆေး၏သက်တမ်းမှာ ၁ နှစ်ဖြစ်ကြောင်း။
  • စက်မှုဝန်ကြီးဌာနမှ လစဉ်ကာကွယ်ဆေး Does ၁ သန်းနှုန်းဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကာကွယ်ဆေး Does ၁၀ သန်းထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တာဝန်ရှိသူများက Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရာတွင် ကူညီဆောင်ရွက်ပေးခဲ့သော  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမစ္စတာ ချန်းဟိုင်၊ Sinopharm CNBG မှ ပညာရှင်များနှင့် မြန်မာ့ဆေးဝါးလုပ်ငန်းမှ ဝန်ထမ်းများအား အသီးသီးဂုဏ်ပြုမှတ်တမ်းလွှာများနှင့်  အမှတ်တရလက်ဆောင် များ ပေးအပ်ခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးမစ္စတာချန်းဟိုင်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • ယခုလာမည့် ဧပြီလနှင့် မေလတွင် ကာကွယ်ဆေးထိုးနှံရမည့်သူအားလုံးကို  ၁၀၀ ရာခိုင်နှုန်းပြည့်မီအောင်ထိုးနှံနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိ။
  • Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထုတ်လုပ်မှုနှင့် မိတ်ဆက်ခြင်းအခမ်းအနားကို မတ်လ ၂၃ ရက်တွင် ကျင်းပခဲ့။
  • ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် ပုလင်းသွင်းဖြည့်တင်းခြင်းများဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိရာ အာဆီယံဒေသတွင် မြန်မာနိုင်ငံအပါအဝင် ၅ နိုင်ငံဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်။
  • Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် ဆေးပုလင်း ၁ လုံးလျှင် လူ ၅ ဦးစာ (5 Doses)ဖြစ်၍ အပူချိန် (2-8°C) အတွင်းထားရှိရန်လိုအပ်ပြီး  ဆေး၏သက်တမ်းမှာ ၁ နှစ်ဖြစ်။
  • စက်မှုဝန်ကြီးဌာနမှ လစဉ်ကာကွယ်ဆေး Does ၁ သန်းနှုန်းဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကာကွယ်ဆေး Does ၁၀ သန်းထုတ်လုပ်သွားမည်ဖြစ်။

Add new comment