အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁) ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ အပြစ်မဲ့ပြည်သူနှင့် ဝန်ထမ်းများအား ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခြင်း၊ ပြည်သူပိုင်အဆောက်အဦများနှင့် ဌာနဆိုင်ရာရုံး/အဆောက်အဦးများ ဖောက်ခွဲ တိုက်ခိုက်ခြင်းတို့တွင် ပါဝင်ကျူးလွန်ခဲ့သူများအား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံး ဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် ၎င်းတို့အား ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ရာ-
- ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေ ဇော်လင်းထွန်း (ခ) ဇွဲကို သည် အထက်တန်းပြ ဆရာမတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတို့အား လုပ်ကြံသတ်ဖြတ်ရာတွင်ပါဝင်ခြင်း၊ လုံခြုံရေးရဲကင်းစခန်းနှင့် EPC ရုံးတို့အား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာတွင် ပါဝင်ခြင်းတို့ကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ) အရ ၎င်းအား “ထောင်ဒဏ်တစ်သက်”။
- ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်နေ နွယ်ထွန်း (ခ) ဥူးဝိမလသည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နေ အပြစ်မဲ့ပြည်သူ ၂ ဦးအား သတင်းပေး၊ ဒလန်ဟုစွပ်စွဲ၍ မီးရှို့၊ ရိုက်နှက်သတ်ဖြတ်ခြင်းကြောင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂(၂)/ ၁၁၄ အရ ၎င်းအား “အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂၀)နှစ်”။
- ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ ဖြိုးကျော်ဇင် (ခ) ကိုဖြိုး၊ ကောင်းမြတ် (ခ) စောကောင်းမြတ်၊ ကိုကိုနှင့် ဝင်းကို ၄ ဦးတို့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ပါရမီဆေးခန်းရှိ သူနာပြုဆရာမကြီးတစ်ဦးအား သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁) (ခ)/ ၃၄ အရ ၎င်းတို့အား “သေဒဏ်” အမိန့်အသီးသီးချမှတ်ခဲ့။
- ပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- အထက်တန်းပြဆရာမတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတို့အား လုပ်ကြံသတ်ဖြတ်ရာ တွင်ပါဝင်ခြင်း၊ လုံခြုံရေးရဲကင်းစခန်းနှင့် EPC ရုံးတို့အား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် တရားခံ ဇော်လင်းထွန်း (ခ) ဇွဲကိုအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ) အရ “ထောင်ဒဏ်တစ်သက်”။
- အပြစ်မဲ့ပြည်သူ ၂ ဦးအား သတင်းပေး၊ ဒလန်ဟုစွပ်စွဲ၍ မီးရှို့၊ ရိုက်နှက်သတ်ဖြတ်ခဲ့သည့် တရားခံ နွယ်ထွန်း (ခ) ဥူးဝိမလအား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂(၂)/ ၁၁၄ အရ “အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂၀)နှစ်”။
- လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ပါရမီဆေးခန်းရှိ သူနာပြုဆရာမကြီးတစ်ဦးအား သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံ ၄ ဦးတို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁) (ခ)/ ၃၄ အရ “သေဒဏ်”။
- ပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့။
Add new comment