အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်တိုနီဘလင်ကင်က ဟိုလိုကော့စ် အထိမ်းအမှတ်ပြတိုက်၌ မြန်မာတပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီအသိုင်းအဝိုင်းအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ပြောကြားချက်နှင့်ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အား ထောက်ခံပါကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီ ညွတ်ရေးအဖွဲ့(ဗဟို)က သဘောထားထုတ်ပြန်ထားပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)
သဘောထားထုတ်ပြန်ချက်
၁၃၈၃ ခု၊ တပေါင်းလပြည့်ကျော်(၇)
၂ဝ၂၂ ခုနှစ်၊ မတ်လ (၂၃)ရက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်တိုနီဘလင်ကင်က ဟိုလိုကော့စ် အထိမ်းအမှတ်ပြတိုက်၌ မြန်မာတပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီအသိုင်းအဝိုင်းအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ပြောကြားချက်သည် ပကတိ အခြေအနေမှန်များနှင့် လွန်စွာကင်းကွာလျက်ရှိပြီး ခိုင်လုံမှုမရှိသော/မမှန်မကန်စွပ်စွဲချက်များအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၂၂-၃-၂ဝ၂၂ ရက်နေ့တွင် ပြင်းထွန်စွာကန့်ကွက်ပြီး ပြတ်သားစွာ ပယ်ချလိုက်ကြောင်း သဘောထားထုတ်ပြန်ချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အား ထောက်ခံပါကြောင်း ထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)
- အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာတပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီအသိုင်းအဝိုင်းအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ပြောကြားချက်နှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အား ထောက်ခံပါကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)က သဘောထားထုတ်ပြန်။
Add new comment