နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း မတ်လ(၂၇)ရက်တွင် ချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

၂၀၂၂ ခုနှစ်၊ မတ်လ (၂၇) ရက်တွင် ချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးကို မတ်လ ၂၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။   

အစည်းအဝေး၌ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းရန်စိစစ်ရေးအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က-

  • မတ်လ ၂၇ ရက်တွင် ကျင်းပမည့် တပ်မတော်နေ့အခမ်းအနားတွင် နောက်ဆက်တွဲ ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးရန်အစီအစဉ်ရှိကြောင်း။
  • နိုင်ငံတော်၏ ဒီမိုကရေစီစနစ်ပီပြင်ခိုင်မာစေရေး ထိန်းသိမ်းနေသည့်ကာလအတွင်း နိုင်ငံတော်၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် သစ္စာရှိဝန်ထမ်းများ၊ အပြင်းအထန်ဒဏ်ရာရရှိသည်မှ အသက်နှင့်ခန္ဓာကို စွန့်လွှတ်သည်အထိ နိုင်ငံအတွက် စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့ကြသည့် နိုင်ငံဝန်ထမ်းများ အား ၂၀၂၃ ခုနှစ် စိန်ရတု လွတ်လပ်ရေးနေ့တွင် အခမ်းအနားဖြင့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များပေးအပ်လို၍ ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။
  • သို့ဖြစ်၍ ပေးအပ်မည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့်စပ်လျဉ်း၍ အလွှာလိုက်မကျန်ရှိစေရေး  စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။   

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

  • မတ်လ ၂၇ ရက်တွင် ကျင်းပမည့် တပ်မတော်နေ့အခမ်းအနားတွင် နောက်ဆက်တွဲ ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးရန်အစီအစဉ်ရှိ
  • နိုင်ငံတော်၏ ဒီမိုကရေစီစနစ်ပီပြင်ခိုင်မာစေရေး ထိန်းသိမ်းနေသည့်ကာလအတွင်း နိုင်ငံတော်၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် သစ္စာရှိဝန်ထမ်းများ၊ အပြင်းအထန်ဒဏ်ရာရရှိသည်မှ အသက်နှင့်ခန္ဓာကို စွန့်လွှတ်သည်အထိ နိုင်ငံအတွက် စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့ကြသည့် နိုင်ငံဝန်ထမ်းများ အား ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့တွင် အခမ်းအနားဖြင့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များပေးအပ်လို။

Add new comment