မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၂) ကျင်းပ

မသန်စွမ်းသူများ၏ အခွင့်ရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို မတ်လ ၂၃ ရက်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

 အစည်းအဝေးတွင်ပြောကြားခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၏ အမှာစကားကောက်နုတ်ချက်မှာ-

  • ကိုဗစ်-၁၉ကပ်ရောဂါ အလွန်ကာလများတွင် မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ထားရှိကြောင်း။
  • ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် မသန်စွမ်းသူဦးရေ  ၂ .၃ သန်း (နိုင်ငံ့လူဦးရေ၏ ၄.၆ ရာခိုင်နှုန်း)ရှိသည့်အတွက် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းကိစ္စကို ပိုမိုအလေးထား လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း။
  • ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအပါအဝင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
  • ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်ကကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့(IDPD)၏ ဆောင်ပုဒ်ဖြစ်သည့် “အားလုံးအကျုံးဝင် လက်လှမ်းမီပြီး ရေရှည်တည်တံ့သည့် ကိုဗစ်-၁၉အလွန်ကမ္ဘာဖြစ်ပေါ်ရေးမသန်စွမ်းသူများ ဦးဆောင်ပါဝင်ကြိုးစားပေး”နှင့်အညီ မသန်စွမ်းသူများ၏ အခန်းကဏ္ဍကို တိုးတက်အောင် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
  • မသန်စွမ်းသူများအနေဖြင့် ဂုဏ်သိက္ခာရှိစွာနှင့် အမှီအခိုကင်းစွာ ဘဝရပ်တည် နိုင်ရေးအတွက် မသန်စွမ်းမှု အမျိုးအစားအလိုက် သက်ဆိုင်ရာဒေသနှင့် ကိုက်ညီသော အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေများရရှိစေရန်အတွက် ဆောင်ရွက်ပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • မသန်စွမ်းသူများအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမည့် ရန်ပုံငွေကျပ်(၃) ဘီလီယံ ကို အရင်းမပျောက် မတည်ငွေအဖြစ်ထားရှိပြီးဖြစ်သည့်အတွက် ကိုဗစ်-၁၉ အလွန် ကာလများတွင် Microfinance Institute များနှင့် ပူးပေါင်းပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

 အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၏ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍   ရှင်းလင်းတင်ပြမှုများအပေါ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌက-

  • မသန်စွမ်းသူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း(၂၀၂၂-၂၀၂၇)ကို အကောင်အထည်ဖော်ရာတွင် မိမိတို့အမျိုးသားအဆင့်ကော်မတီ အဖွဲ့ဝင်များအနေဖြင့် တာဝန်ဝတ္တရားအရတင်မဟုတ်ဘဲ လူ့အခွင့်အရေး အရပင်ဖြစ်စေ၊ လူသားချင်း စာနာထောက်ထားခြင်းအရပင်ဖြစ်စေ စေတနာ၊ ကိုယ်ချင်းစာတရားတို့ဖြင့် မိမိတို့၏ ကျရာကဏ္ဍအလိုက် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
  • မသန်စွမ်းမှုများအပေါ် အကြမ်းဖက်သူများကိုလည်း ထိရောက်မြန်ဆန်သည့် တရားစီရင်ရေးဖြင့် အမြင့်ဆုံးနှင့် အပြင်းထန်ဆုံး ပြစ်ဒဏ်စီရင်ချမှတ်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးအဖွဲ့အစည်းများက အခြားသောပြစ်မှုများနှင့်မတူဘဲ မသန်စွမ်းသူများ၏ သွားလာရေး၊ ငွေကြေးကန့်သတ် ချက်များ အပေါ် ငဲ့ညှာလျက် အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းမှာကြားခဲ့။

 အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် (ယာယီဗဟိုအလုပ်အမှုဆောင်အဖွဲ့)နှင့် မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

  • ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအပါအဝင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာ များ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြရမည်ဖြစ်။
  • ၂၀၂၁ ခုနှစ်တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ (IDPD)၏ ဆောင်ပုဒ်ဖြစ်သည့် “အားလုံးအကျုံးဝင် လက်လှမ်းမီပြီး ရေရှည်တည်တံ့သည့် ကိုဗစ်-၁၉အလွန်ကမ္ဘာဖြစ်ပေါ်ရေး မသန်စွမ်းသူများ ဦးဆောင်ပါဝင်ကြိုးစားပေး”နှင့်အညီ မသန်စွမ်းသူများ၏အခန်းကဏ္ဍကို တိုးတက်အောင် အလေးထားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ။
  • မသန်စွမ်းသူများအနေဖြင့် ဂုဏ်သိက္ခာရှိစွာနှင့် အမှီအခိုကင်းစွာ ဘဝရပ်တည်နိုင်ရေးအတွက် မသန်စွမ်းမှုအမျိုးအစားအလိုက် သက်ဆိုင်ရာဒေသနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေများရရှိစေရန်အတွက် ဆောင်ရွက်ပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိ။
  • မသန်စွမ်းသူများအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမည့် ရန်ပုံငွေကျပ် (၃) ဘီလီယံကို အရင်းမပျောက် မတည်ငွေအဖြစ်ထားရှိပြီးဖြစ်သည့်အတွက် ကိုဗစ်-၁၉ အလွန်ကာလများတွင် Microfinance Institute များနှင့်ပူးပေါင်းပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်။

Add new comment