PDF အကြမ်းဖက်သမားများက သပိတ်ကျင်းမြို့နယ် ကျောက်လက်ရိုက်တောစခန်း၌ တစ်ပါးတည်း သီတင်းသုံးနေသည့် သံဃာတစ်ပါးအား ရက်စက်စွာသတ်ဖြတ်

NUG အဖွဲ့၏စေခိုင်းချက်အရ  PDF အကြမ်းဖက်သမားများက  ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက် စွာ ပြုလုပ်လျက်ရှိရာ-

မတ်လ ၂၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်လက်ရိုက်တောစခန်း၌ ဆရာတော်ဘဒ္ဒန္တပညာဇောတိက သက်တော် (၃၇) နှစ်၊ ဝါတော် (၁၇) ဝါသည် တစ်ပါးတည်း သီတင်းသုံးနေထိုင်သည့် တောစခန်းသို့ PDF အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဆရာတော်အားတဲအပြင်သို့ခေါ်ထုတ်ကာ ဓားများဖြင့် ရက်စက်စွာ ဝိုင်ဝန်းထိုးခုတ်သတ်ဖြတ်ခဲ့သဖြင့် ဆရာတော်တွင် ဝဲ/ယာ လက်ကောက်ဝတ်တို့ပြတ်ကာ ဦးခေါင်း၊ လည်ပင်းနှင့် ခါးတို့တွင် ပြတ်ရှဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

PDF အကြမ်းဖက်အဖွဲ့များသည် ဗုဒ္ဓသာသနာပြန့်ပွားရေး သာသနာ့တာဝန်ထမ်းဆောင်နေသော ဘုရားသားတော်များအပေါ် အကြောင်းမဲ့ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်မှု ယုတ်မာရက်စက်သည့် အကြမ်းဖက်မှုလုပ်ရပ်များကြောင့် သေဆုံးသံဃာ () ပါး၊ သီလရှင်ဆရာကြီး (၁) ပါး၊ စုစုပေါင်း (၃၃) ပါး၊ ဒဏ်ရာရသံဃာ (၈) ပါး၊ ပျောက်ဆုံး သံဃာ (၃) ပါး ရှိပြီဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့၏လုပ်ရပ်များသည် သာသနာတော်ညှိုးနွမ်းပျက်စီးစေခြင်းနှင့် အများပြည်သူ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်စေခြင်းတို့ကြောင့် ပြည်သူတစ်ရပ်လုံးက ၎င်းတို့အားစက်ဆုပ်ရွံရှာ၍ မုန်းတီးလျက်ရှိပြီး အကြမ်းဖက်မှုများအား အမြတ်ပြတ်ချေမှုန်းပေးရန် လိုလားလျက်ရှိပါသည်။

ထိုကဲ့သို့ ဆရာတော်အား ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • PDF အကြမ်းဖက်သမားများက သပိတ်ကျင်းမြို့နယ် ကျောက်လက်ရိုက်တောစခန်း၌ တစ်ပါးတည်း သီတင်းသုံးနေသည့် ဆရာတော် ဘဒ္ဒန္တပညာဇောတိကအား ဓားများဖြင့် ရက်စက်စွာ ဝိုင်ဝန်းထိုးခုတ်သတ်ဖြတ်ခဲ့သဖြင့် ဆရာတော်တွင် ဝဲ/ယာ လက်ကောက်ဝတ်တို့ပြတ်ကာ ဦးခေါင်း၊ လည်ပင်းနှင့် ခါးတို့တွင် ပြတ်ရှဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့။
  • PDF အကြမ်းဖက်အဖွဲ့များသည် ဗုဒ္ဓသာသနာပြန့်ပွားရေး သာသနာ့တာဝန်ထမ်းဆောင်နေသော ဘုရားသားတော်များအပေါ် အကြောင်းမဲ့ ရက်ရက်စက်စက်ဖမ်းဆီးသတ်ဖြတ်မှု ယုတ်မာရက်စက်သည့် အကြမ်းဖက်မှုလုပ်ရပ်များကြောင့် သေဆုံးသံဃာ () ပါး၊ သီလရှင်ဆရာကြီး (၁) ပါး၊ စုစုပေါင်း (၃၃) ပါး၊ ဒဏ်ရာရသံဃာ (၈) ပါး၊ ပျောက်ဆုံးသံဃာ (၃) ပါး ရှိပြီဖြစ်။

Add new comment