ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပန်းခင်းစီမံချက်အား ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး  ၎င်းစီမံချက်မှ မဲဆန္ဒရှင် ၃.၈ သန်းကျော်ကို နိုင်ငံသားစိစစ်ရေးကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ 

တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် “ပန်းခင်း” စီမံချက်ဖြင့် ၃-၅-၂၀၂၁ ရက်မှ ၁၈-၃-၂၀၂၂ ရက်အထိ “ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းကတ်ပြား စုစုပေါင်း ၄၀၇,၂၆၁ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (ကိုင်ဆောင်လက်မှတ်) စုစုပေါင်း ၃,၂၆၆,၆၈၄ ခု ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်၊၊

တနင်္သာရီတိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၁၅,၈၉၇) ကတ် ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ (၁၄၀,၃၉၈) ကတ်ထုတ်ပေးနိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၁၂၁ ဒသမ ၁၄) ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်ကျော်လွန်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး တာဝန်ရှိ သူများက ဝန်ထမ်းများကို တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ပေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ “ပန်းခင်း” စီမံချက် အောင်မြင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တိုင်းဒေသကြီး/ ပြည်နယ်များရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

  • တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ပန်းခင်းစီမံချက်ဖြင့် ၃-၅-၂၀၂၁ ရက်မှ ၁၈--၂၀၂ ရက်အထိ အိမ်ထောင်စုလူဦးရေစာရင်းကတ်ပြား စုစုပေါင်း ၄၀၇,၂၆၁ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (ကိုင်ဆောင်လက်မှတ်) စုစုပေါင်း ၃,၂၆၆,၆၈၄ ခု ထုတ်ပေးခဲ့ပြီးဖြစ်။
  • တနင်္သာရီတိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၁၅,၈၉၇) ကတ် ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ (၁၄၀,၃၉၈) ကတ်ထုတ်ပေးနိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၁၂၁ ဒသမ ၁၄) ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့။ 

Add new comment