ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ကျင်းပသည့် EXPOTECXNOSTRAZH-2022 သို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အထူးဖိတ်ကြားချက်အရ မတ်လ ၁၆ ရက်မှ ၁၈ ရက်အထိ စိန့်ပီတာစဘတ်မြို့တွင်ကျင်းပသည့် လူ့အသိုက်အဝန်းနှင့် နိုင်ငံတော် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့်မြင့်နည်းပညာပြပွဲ (EXPOTECXNOSTRAZH-2022) သို့ တက်ရောက်ခဲ့ရာ-

  • မတ်လ ၁၆ ရက်တွင် အဆိုပါပြပွဲအစည်းအဝေးခန်းမ၌ ROSOBORONEXPORT ၏ အထူးကော်မရှင်တာဝန်ခံနှင့် အရာရှိကြီးများတွေ့ဆုံ၍ နည်းပညာအသုံးပြုမှုပုံစံများ၊ တီထွင်ထုတ်လုပ်ထားသည့်ပစ္စည်းများ၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး နှင့် အုပ်စုဖွဲ့မှုခင်းများတိုက်ဖျက်ရေး၊ ကြိုတင်သတင်းရယူရေးဆိုင်ရာ နည်းပညာ အသုံးပြုမှုများအပြင် မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့။
  • မတ်လ ၁၇ ရက်တွင် စိန့်ပီတာစဘတ်မြို့၊ EXPO-FORUM ဝင်းအဆောက်အဦ၌ နိုင်ငံတကာအဆင့်မြင့်နည်းပညာပြပွဲ (EXPOTECXNOSTRAZH-2022) ကျင်းပခဲ့မှုများ၊ စိန့်ပီတာစဘတ်မြို့ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် ပြည်ပပို့ကုန်နှင့် နိုင်ငံ အသီးသီးမှ တင်သွင်းလာသော ကုန်ပစ္စည်းကွန်တိန်နာများအား နည်းပညာ အသုံးပြုစစ်ဆေးမှုများ၊   လုံခြုံရေး၊ ရှာဖွေစစ်ဆေးရေး၊ ဆိုက်ဘာနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ဆိုက်ဘာလုံခြုံရေးနှင့် လျှင်မြန်စွာစုံစမ်းစစ်ဆေးနိုင်ရေး တီထွင်ထုတ်လုပ်ထားမှုများကို တာဝန်ရှိသူများက အသေးစိတ်ရှင်းလင်းပြသခဲ့။
  • မတ်လ ၁၈ ရက်တွင် စိန့်ပီတာစဘတ်နှင့် JSC Center-Inform သို့ သွားရောက်ခဲ့ရာ အဆိုပါစင်တာခန်းမတွင် တာဝန်ရှိသူများက လုံခြုံရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ အကြမ်းဖက်မှု၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနှင့် မှုခင်းပြဿနာများ ကြိုတင်ကာကွယ်ရေး တိုက်ဖျက်ရေးဆိုင်ရာများတွင် နည်းပညာ အသုံးပြုမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှ မတ်လ ၁၉ ရက် တွင် လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ မတ်လ ၂၀ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အထူးဖိတ်ကြားချက်အရ မတ်လ ၁၆ ရက် မှ ၁၈ ရက်အထိ စိန့်ပီတာစဘတ်မြို့တွင်ကျင်းပသည့် လူ့အသိုက် အဝန်းနှင့် နိုင်ငံတော် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့်မြင့်နည်းပညာပြပွဲသို့ တက်ရောက်ခဲ့။

Add new comment