ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းသည် အာဆီယံအတွင်းရေးမှူးချုပ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား မတ်လ ၂၁ ရက်တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ရာ-
- COVID-19 ASEAN Response Fund နှင့် ASEAN AHA Center တို့မှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သတ်၍ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေသည့်ကိစ္စရပ်များ။
- ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သတ်၍ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထောက်ပံ့မှုတို့တွင် လက်ခံရရှိခဲ့သော အမေရိကန်ဒေါ်လာ ၁,၁၈၈,၇၄၈ တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းအမျိုးအစား ၅၀ ကျော်အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ ဆေးရုံ ၅၈ ရုံနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာန ၁၇ ခုသို့ လိုအပ်ချက်နှင့်ကိုက်ညီစွာ ဖြန့်ဝေပေးခဲ့မှုအခြေအနေများနှင့် တတိယအကြိမ် ထောက်ပံ့မှုအတွက် ပူးပေါင်းဆောင်ရွက်သွားရမည့် အခြေအနေများ။
- မြန်မာနိုင်ငံတွင် ဝန်ကြီးဌာနက လက်ရှိဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကိစ္စရပ်များအားလည်းကောင်း၊ ဝန်ကြီးဌာနနှင့် အာဆီယံအတွင်းရေးမှူးရုံးတို့အကြား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထောက်ပံ့ရေးနှင့်ပတ်သတ်၍ ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ ASEAN AHA Center မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
- ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းသည် အာဆီယံအတွင်းရေးမှူးချုပ်ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား မတ်လ ၂၁ ရက်တွင် လက်ခံတွေ့ဆုံခဲ့။
- တွေ့ဆုံပွဲတွင် COVID-19 ASEAN Response Fund နှင့် ASEAN AHA Center တို့မှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သတ်၍ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေသည့်ကိစ္စရပ်များနှင့် ဝန်ကြီးဌာနနှင့် အာဆီယံအတွင်းရေးမှူးရုံးတို့ အကြား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထောက်ပံ့ရေးနှင့်ပတ်သတ်၍ ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ ဆွေးနွေးခဲ့။
Add new comment