မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် ရန်ပုံငွေစုစည်းမှုကိစ္စရပ်များဆွေးနွေး

အာဆီယံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီပေးအပ်မှုများ လက်ခံရယူရေး (Phase)  အစီအစဉ်အတွက် အဓိကတာဝန်ယူဆောင်ရွက်နေသော ဝန်ကြီးဌာနဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်အား အာဆီယံအတွင်းရေး မှူးချုပ် H.E. Dato Lim Jock Hoi နှင့်အဖွဲ့က မတ်လ ၂၁ ရက်တွင် အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင်-

  • ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်နေသော စီမံကိန်း(၇)ခု၏ ဆောင်ရွက်ပြီးစီးမှုနှင့် ညှိနှိုင်းဆဲအခြေအနေများ။
  • အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးက ချမှတ်ခဲ့သော တူညီဆန္ဒ (၅) ချက်အနက် စတုတ္ထအချက်ဖြစ်သည့် မြန်မာနိုင်ငံသို့ အာဆီယံကတစ်ဆင့် လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေးအတွက် အာဆီယံနှင့်ပူးပေါင်း၍ လိုအပ်ချက် ဆန်းစစ်ရေးလုပ်ငန်းများနှင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူ အညီပေးရေးအတွက် ရန်ပုံငွေစုစည်းမှုကိစ္စရပ်များကို ဆွေးနွေးခဲ့။

အာဆီယံကိုယ်စားလှယ်အဖွဲ့တွင် အာဆီယံအတွင်းရေးမှူးချုပ်နှင့်အတူ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း၊ ဒုတိယအတွင်းရေးမှူးချုပ် Mr. Robert Matheus Michael Tene၊ ASEAN ၏ Ad-hoc Support Team အကြီးအကဲဖြစ်သူ Mr. Pratap Parameswaran နှင့် AHA Centre ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Lee Yam Ming တို့လည်း လိုက်ပါခဲ့ကြောင်း သိရှိရပါသည်။

  • အာဆီယံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် ရန်ပုံငွေ စုစည်းမှုကိစ္စရပ်များအား ဆွေးနွေးခဲ့။
  • အာဆီယံကိုယ်စားလှယ်အဖွဲ့တွင် အာဆီယံအတွင်းရေးမှူးချုပ်နှင့်အတူ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း၊ ဒုတိယအတွင်းရေးမှူးချုပ် Mr. Robert Matheus Michael Tene ASEAN Ad-hoc Support Team အကြီးအကဲဖြစ်သူ Mr. Pratap Parameswaran နှင့် AHA Centre အမှုဆောင်ညွှန်ကြားရေးမှူး Mr. Lee Yam Ming တို့လည်းလိုက်ပါခဲ့။

Add new comment