နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ တာဝန်ရှိသူများလိုက်ပါ၍ မတ်လ ၂၀ ရက်၌ ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ မဟာထေရ်မြတ်ကြီး၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလပ်တော်မြတ်အား သွားရောက်ဖူးမြော် ကြည်ညိုပြီး မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ငွေကျပ်သိန်း ၁၀၀ ကို လှူဒါန်းခဲ့ပါသည်။

အဆိုပါ မရမ်းကုန်းမြို့နယ်၊ ဝိဇ္ဇောတာရုံစာသင်တိုက်၏ ဦးစီးပဓာနမဟာနာယက နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ ဓမ္မသေနာပတိ ပန္နရသမရွှေ ကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ဝိဇ္ဇောတ ဆရာတော်ဘုရားကြီး လောင်းလျာသည် ၁၃၀၄ ခုနှစ်တွင် ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၁၁ ခုနှစ်တွင် မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိတော် မူခဲ့ခြင်းဖြစ်ကြောင်း၊ ဆရာတော်ဘုရားကြီးသည် သံဃာအဖွဲ့အစည်းအဆင့်ဆင့်တွင် မြို့နယ်သံဃနာယကအဖွဲ့(ရွှေကျင်) ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံတော်ဝိနည်းဓိုရ် အဖြစ် လည်းကောင်း၊ ပန္နရသမ ရွှေကျင်သာသနာပိုင်အဖြစ်လည်းကောင်း၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်အဖြစ်လည်းကောင်း သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလပ်တော်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး အန္တိမအဂ္ဂိဈာပနပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ငွေကျပ် သိန်း ၁၀၀  လှူဒါန်းခဲ့။
  • ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးသည် သံဃာအဖွဲ့အစည်း အဆင့်ဆင့်တွင် မြို့နယ်သံဃနာယကအဖွဲ့ (ရွှေကျင်) ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံတော်ဝိနည်းဓိုရ်အဖြစ်လည်းကောင်း၊ ပန္နရသမရွှေကျင်သာသနာပိုင်အဖြစ်လည်းကောင်း၊ နိုင်ငံတော် ဩဝါဒါစရိယဆရာတော်အဖြစ်လည်းကောင်း သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့ကြောင်း သိရှိရ။

Add new comment