နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Mr. Prak Sokhonn နှင့် အာဆီယံ အတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi တို့အား မတ်လ ၂၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင်-

  • မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့မှုနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူထုဆန္ဒခံယူ၍ အတည်ပြုထားသည့်  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်ခဲ့ရမှု အခြေအနေများ။
  • နိုင်ငံရေးသဘောထားမတိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုများမှတစ်ဆင့် ဆူပူအကြမ်းဖက်မှုများ၊ အကြောင်းမဲ့သတ်ဖြတ်မှုများ၊ နိုင်ငံပိုင်အဆောက်အဦများ၊ စာသင်ကျောင်းများကို ဖျက်ဆီးမှုများနှင့် မိုင်းထောင်ဖောက်ခွဲမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်း စိမ်လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ။
  • အာဆီယံဘုံသဘောတူညီချက် (၅) ရပ်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံရှိပြည်သူများအတွက် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများရရှိစေရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အာဆီယံတွင် ပူပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ယခုခရီးစဉ်သည် ပထမဆုံးခြေလှမ်းဖြစ်၍ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် တိုးတက်မှုများရရှိစေရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အတူ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး H.E. Kitti Setta Pandita Cham Prasidh၊ အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. Chhouk Bunna နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား လက်ခံတွေ့ဆုံခဲ့။
  • မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့မှုနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူထုဆန္ဒခံယူ၍ အတည်ပြုထားသည့်  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် အညီ နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်ခဲ့ရမှုအခြေအနေများ
  • မြန်မာနိုင်ငံရှိပြည်သူများအတွက် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီများရရှိစေရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အာဆီယံတွင် ပူပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့။

Add new comment