အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mr.Prak Sokhom နှင့် အာဆီယံအတွင်းရေးမှူးချုပ် H.E.Dato Lim Jock Hoi တို့သည် မတ်လ ၂၁ ရက်တွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်-
- နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံရာတွင် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းသည် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြစ်ရမည်ဖြစ်ကြောင်းနှင့် အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်သည့်ခရီးစဉ်ဖြစ်ပြီး ယင်းမှတစ်ဆင့် နားလည်မှုနှင့် ယုံကြည်မှုကို တည်ဆောက်နိုင်ကာ အာဆီယံတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော် မှုများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
- အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးခြင်းဆိုင်ရာ ပထမအဆင့်လုပ်ငန်းစဉ် အကောင် အထည်ဖော်ခြင်း၊ ဒုတိယအဆင့်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် အပြန်အလှန် စိတ်ဝင်စားမှုရှိသည့်ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား နေပြည်တော်ရှိ M Gallery Hotel ၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။
- တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းသည် မြန်မာဦးဆောင်သည့် မြန်မာ့ ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြစ်ရမည်ဖြစ်ပြီး အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်မှတစ်ဆင့် နားလည်မှုနှင့် ယုံကြည်မှုကို တည်ဆောက်နိုင်ကာ အာဆီယံတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်လိမ့်မည်ဖြစ်။
- မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
- မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးခြင်းဆိုင်ရာ ပထမအဆင့်လုပ်ငန်းစဉ် အကောင်အထည်ဖော်ခြင်း၊ ဒုတိယအဆင့်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် အပြန်အလှန်စိတ်ဝင်စားမှုရှိသည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
Add new comment