မုန်တိုင်းငယ်၏ အန္တရာယ်ကို ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရေး အသိပေးထုတ်ပြန်

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်သည် မတ်လ ၂၂ ရက် နံနက် ၀၃:၃၀ နာရီ အချိန် တိုင်းထွာချက်များအရ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ကိုကိုးကျွန်းမြို့၏အရှေ့မြောက်ဘက်၊ ဟိုင်းကြီးကျွန်း၏ တောင်-အနောက်တောင်ဘက်၊ ပုသိမ်မြို့၏ တောင်-အနောက်တောင်ဘက်၊ ဂွမြို့၏ တောင်-အနောက်တောင်ဘက်၊ ရန်ကုန်မြို့၏ တောင်-အနောက်တောင်ဘက်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား၏ မြောက်-အရှေ့မြောက်ဘက်နှင့် မာယာဘန်ဒါမြို့၏ အရှေ့မြောက်ဘက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်၊၊ အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းအနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ထားပါသည်။

သို့ဖြစ်၍ လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အခြေအနေမှာ-

  • မတ်လ ၂၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့ ရောက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၅၀ မိုင်မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်၊၊
  • မတ်လ ၂၃ ရက်တွင် ရခိုင်ကမ်းရိုးတန်းသို့ ရောက်ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၀ မိုင်မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်၊၊
  • တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၂၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ပြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စရပ်များကို ဆွေးနွေးခဲ့၊၊

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဒေသခံပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ပြင်ဆင်စုဖွဲ့ထားရှိမှု အခြေအနေများနှင့် ဒေသခံပြည်သူများအား ထောက်ပံ့နိုင်ရန်အတွက် ရိက္ခာ (၅) မျိုး ထုပ်ပိုးပြင်ဆင်ထားရှိမှုများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်၊၊

  • မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းအနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်။
  • မတ်လ ၂၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့ရောက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၅၀ မိုင်မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်၊၊
  • မတ်လ ၂၃ ရက်တွင် ရခိုင်ကမ်းရိုးတန်းသို့ ရောက်ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၀ မိုင်မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်၊၊

Add new comment