PDF အကြမ်းဖက်သမားများက ကျေးရွာများ မီးရှို့ဖျက်ဆီးခြင်းနှင့် ချောင်းကူးတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG အဖွဲ့၏ ကြိုးကိုင်စေခိုင်းမှုကြောင့်  PDF အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန်နှင့် ကုန်သွယ်စီးဆင်းမှုများရပ်တန့်စေရန် ရည်ရွယ်၍ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများပိုင်ဆိုင်သည့် နေအိမ်အဆောက်အဦများ၊ မော်တော်ယာဉ်များအား အကြောင်းမဲ့ ဖောက်ခွဲခြင်း၊ မီးရှို့ ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိရာ-

  • မတ်လ ၂၀ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ပဲရင်းတောင်ကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ဦးခန့်သည် တူမီးသေနတ်၊ လက်နက်ငယ်နှင့် တုတ်၊ ဓားများကိုင်ဆောင်ကာ အော်ဟစ်ဆဲဆို၍ ကျေးရွာအတွင်းဝင်ရောက်လာပြီး ကျေးရွာရှိနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ မီးလောင် ကျွမ်းမှုကြောင့် ဆိုင်ကယ် ၃ စီး၊ မော်တော်ယာဉ် ၁ စီး၊ ၂ ထပ်တိုက် နေအိမ် ၂ လုံးနှင့် ဆိုင်ခန်း ၁ ခန်းတို့ မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့။
  • မတ်လ ၂၁ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြို့ရှောင်လမ်းတွင် ဖွင့်လှစ်ထားသည့် ရွှေဗျိုင်းဖြူ စက်သုံးဆီဆိုင်အား PDF အကြမ်းဖက်သမား ၅ ဦးက လက်လုပ်မိုင်းများဖြင့်ဖောက်ခွဲပြီး ဝန်ထမ်းများအား ရိုက်နှက်၍ ငွေကျပ် သိန်း ၁၅၀ ခန့်အား အတင်းအဓမ္မ လုယက်ယူဆောင်ကာ ဆိုင်ရှိ CCTV များနှင့် အခြားအဆောက်အဦများအား ရိုက်ခွဲဖျက်ဆီးထွက်ပြေးသွားခဲ့။
  • မတ်လ ၂၁ ရက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သထုံစုကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်တိုင်အမှတ် ၈၂ မိုင် ၇ ဖာလုံနှင့် ၈ ဖာလုံ အကြား ခဝါချောင်းကူး ရထားသံလမ်းတံတားအား PDF အကြမ်းဖက်အဖွဲ့က လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ရာ ရထားသံလမ်း အနည်းငယ် မီးလောင်ပျက်စီးခဲ့။

PDF အကြမ်းဖက်သမားများသည် စစ်ရေးနှင့် မသက်ဆိုင်သည့် လမ်းတံတား များအား အကြောင်းမဲ့ ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခြင်း၊ ၎င်းတို့ကိုမထောက်ခံသည့် ကျေးရွာများအား မကြာခဏ ဝင်ရောက်တိုက်ခိုက်၍ မီးရှို့ဖျက်ဆီးခြင်း၊ ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် ထောက်ပံ့ပေးမည့် သူများ မရှိသောကြောင့် ဓားပြတိုက်လုယက်ယူဆောင်ခြင်းများကို တွေ့ရှိရသဖြင့် ၎င်တို့အား ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်မုန်းတီးလျက်ရှိပါသည်။

ဖြစ်စဉ်များနှင့် ပတ်သက်၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပျက်စီးသွားသော ချောင်းကူး တံတားအား သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရှိရပါသည်။

  • ရွာငံမြို့နယ်၊ ပဲရင်းတောင်ကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ဦး ခန့်သည် တူမီးသေနတ်၊ လက်နက်ငယ်နှင့် တုတ်၊ ဓားများကိုင်ဆောင်ကာ အော်ဟစ်ဆဲဆို၍ ဝင်ရောက်လာပြီး ကျေးရွာရှိနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ ရာ မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ကယ် ၃ စီး၊ မော်တော် ယာဉ် ၁ စီး၊ ၂ ထပ် တိုက် နေအိမ် ၂ လုံးနှင့် ဆိုင်ခန်း ၁ ခန်းတို့ မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့။
  • ပခုက္ကူမြို့နယ်၊ မြို့ရှောင်လမ်းတွင် ဖွင့်လှစ်ထားသည့် ရွှေဗျိုင်းဖြူ စက်သုံးဆီ ဆိုင်အား PDF အကြမ်းဖက်သမား ၅ ဦးက လက်လုပ်မိုင်းများဖြင့်ဖောက်ခွဲပြီး ဝန်ထမ်းများအား ရိုက်နှက်၍ ငွေကျပ်သိန်း ၁၅၀ ခန့်အား အတင်းအဓမ္မ လုယက်ယူဆောင်ကာ ဆိုင်ရှိ CCTV များနှင့် အခြားအဆောက်အဦများအား ရိုက်ခွဲဖျက်ဆီးထွက်ပြေးသွားခဲ့။
  • ကျိုက်ထိုမြို့နယ်၊ သထုံစုကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်တိုင် အမှတ် ၈၂ မိုင် ၇ ဖာလုံနှင့် ၈ ဖာလုံအကြား ခဝါချောင်းကူး ရထားသံလမ်းတံတားအား PDF အကြမ်းဖက်အဖွဲ့က လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ရာ ရထားသံလမ်း အနည်းငယ် မီးလောင်ပျက်စီးခဲ့။

Add new comment