ကျွန်းကုန်းတံတားဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ဖွင့်လှစ်

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး-ဝါးခယ်မ-မြောင်းမြလမ်းပေါ်ရှိ ကျွန်းကုန်းတံတားဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၀ ရက်တွင်ကျင်းပခဲ့ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဌာနကြီးမှူးများနှင့် တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ရပ်မိ၊ ရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်အေးနုစိန်က အမှာစကားပြောကြားခဲ့ရာ-                        

  • လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာရေးအတွက် ဦးစားပေးဆောင်ရွက်နိုင်ရန် တံတားများတည်ဆောက်ခြင်း၊ လမ်းများဖောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

  • ကျွန်းကုန်းတံတားကို အသုံးပြုခြင်းဖြင့် ဝါးခယ်မ-ကျုံမငေး-မော်လမြိုင်ကျွန်း-ဘိုကလေးမြို့များသို့လည်းကောင်း၊ ဘိုကလေးမှတဆင့် ဖျာပုံ-မအူပင်-တွံတေး-ရန်ကုန်မြို့များသို့လည်းကောင်း အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်မည် ဖြစ်သည့်အပြင် ကျွန်းကုန်းတံတားမှ အိမ်မဲ-ရန်ကုန်သို့လည်းကောင်း၊ မြောင်းမြ-မြင်းကဆိပ်-ပုသိမ်မြို့များသို့လည်းကောင်း၊ လမ်းကွန်ယက်များ ချိတ်ဆက်သွားလာနိုင်ပြီဖြစ်ကြောင်း။

  • နိုင်ငံ၏ အနာဂတ်ငြိမ်းချမ်းသာယာရေး၊ နိုင်ငံသူ၊ နိုင်ငံသားများ၏ ဘဝချမ်းမြေ့ပျော်ရွှင်ရေးတို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကောင်းမွန်သည့် ရည်မှန်းချက်၊ ဦးတည်ချက်များကို ကြိုးပမ်းပုံဖော်လျက်ရှိပါကြောင်း  ပြောကြားခဲ့ပါသည်။

တံတားအရှည် (၇၈၇) ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၄) ပေ၊ နှစ်လမ်းမောင်း သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်သော ကျွန်းကုန်းတံတားသစ်၏ Foundation အပိုင်း အား Bored Pile Foundation ဖြင့် တည်ဆောက်ထားသည့်အပြင် Superstructure အပိုင်းမှာ သံမဏိသံပေါင်ယက်မ၊ သံကူကွန်ကရစ်ကြမ်းခင်းဖြစ်ပြီး တံတားခံနိုင်ဝန်မှာ တန် (၆၀) ရှိကြောင်းသိရှိရပါသည်။

  • ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဘိုကလေး-မော်လမြိုင် ကျွန်း-ကျုံမငေး-ဝါးခယ်မ-မြောင်းမြလမ်းပေါ်ရှိ တံတားအရှည် (၇၈၇) ပေ၊ ယာဉ်သွား လမ်းအကျယ် (၂၄) ပေ၊ နှစ်လမ်းမောင်း သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်သော ကျွန်းကုန်းတံတားသစ်အား မတ်လ ၂၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့။

Add new comment