ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူဓာတ်အားပေး စက်ရုံစီမံကိန်းများနှင့် သူဌေးရေအားလျှပ်စစ်စီမံကိန်းတို့အား ကြည့်ရှုစစ်ဆေး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် မတ်လ ၁၉ ရက်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၄၅ မဂ္ဂါဝပ်၊ ၁၅၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံများနှင့် ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ဓာတ်အားထုတ်လုပ်မှုနှင့် စီမံကိန်းဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြ ခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးက-                

  • ကျောက်ဖြူဒေသ၌ ၁၅၀ မဂ္ဂါဝပ် LNG to Power ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံ (၁) ရုံကို ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း LNG ဈေးနှုန်းများ အဆမတန်ကြီးမြင့်နေသည့်အတွက် ရရှိထားသည့် ရွှေဓာတ်ငွေ့ကို တစ်ရက်လျှင် ကုဗပေ သန်း ၃၀ ပိုမိုရရှိနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး ဓာတ်အားထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် (၁၅၀) မဂ္ဂါဝပ် တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ကြောင်း။
  • လက်ရှိ ကျောက်ဖြူဒေသတွင် ပိုက်လိုင်းအခြေခံအဆောက်အဦများကို တိုးချဲ့ ပြင်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်နေစဉ်ကာလအတွင်း LNG to Power ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်အစား သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ ပြောင်းလဲထောက်ပံ့၍ ဖေဖော်ဝါရီ ၁၀ ရက်မှ စတင်ကာ ၅၀ မဂ္ဂါဝပ် ကို တိုးမြှင့်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း။
  • ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံစီမံကိန်းကိုလည်း ဆောလျင်စွာပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသဖြင့် စီမံကိန်းများကို သတ်မှတ်ရက်များအတိုင်း ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့။

ပြည်ထောင်စုဝန်ကြီးသည်  မတ်လ ၂၀ ရက်တွင် သံတွဲခရိုင်၊ သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂) မိုင်ခန့်အကွာရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်း ပြည့်မီရေး၊ စီမံကိန်းတွင် တပ်ဆင် အသုံးပြုမည့် စက်ပစ္စည်းများကို စနစ်တကျ အသုံးပြုစေရေးနှင့် လေလွင့်ဆုံးရှုံးမှု မရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။

သူဌေးရေအားလျှပ်စစ်စီမံကိန်းသည် သံတွဲမြို့အနီးရှိ သူဌေးချောင်းပေါ်တွင် ရေလှောင်တမံတည်ဆောက်ပြီး စက်တပ်ဆင်အင်အား (၃၇) မဂ္ဂါဝပ် ဓာတ်အားပေးစက် (၃) လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား (၁၁၁)မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံတည်ဆောက်၍ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီ သန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်ကာ ရခိုင်ပြည်နယ်အတွင်း ဒေသများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့် ဖြန့်ဖြူး ပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် ‌နွေရာသီအမီ ရွှေဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၁၉၅ မဂ္ဂါဝပ်နှင့် ကုန်းတွင်းဓာတ်ငွေ့ အသုံးပြု၍ ဓာတ်အား ၃၀ မဂ္ဂါဝပ်တို့ကို တိုးတက်ထုတ်လုပ်နိုင်သဖြင့် စုစုပေါင်း လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်နိုင်ပါသည်။ ထို့ပြင် တာပိန် (၁)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား (၁၂၀) မဂ္ဂါဝပ်ခန့်ကိုလည်း ဝယ်ယူရေးညှိနှိုင်းလျက်ရှိပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ဓာတ်အားပိုမိုထုတ်လွှတ်နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် ဘီလူးချောင်းစက်ရုံများမှ နွေရာသီကာလ ထွက်ရှိမည့် ဓာတ်အား (၁၇၀) မဂ္ဂါဝပ် ခန့်ကိုလည်း ဓာတ်အားစနစ်မှတဆင့် ဖြန့်ဖြူးနိုင်ရန် ဖောက်ခွဲဖျက်ဆီးခံထားရသော တာဝါတိုင် (၁၉) တိုင်ခန့်ကို ပြုပြင်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းလုပ်ငန်းများဆောင်ရွက်ပြီးပါက ဓာတ်အားလိုအပ်ချက်ပမာဏကို မပြည့်မီနိုင်သော်လည်း ယခုထက်ပိုမို၍ ဓာတ်အားဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။    

  • လက်ရှိ ကျောက်ဖြူဒေသတွင် ဓာတ်ငွေ့ဖြန့်ဖြူးပေးနေသည့် ပိုက်လိုင်းအခြေခံ အဆောက်အဦများကို တိုးချဲ့ပြင်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်နေစဉ်ကာလအတွင်း LNG to Power ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်အစား သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ ပြောင်းလဲထောက်ပံ့၍ ဖေဖော်ဝါရီ ၁၀ ရက်မှ စတင်ကာ ၅၀ မဂ္ဂါဝပ်ကို တိုးမြှင့်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့။
  • လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် ‌နွေရာသီအမီ ရွှေဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၁၉၅ မဂ္ဂါဝပ်နှင့် ကုန်းတွင်းဓာတ်ငွေ့ အသုံးပြု၍ ဓာတ်အား ၃၀ မဂ္ဂါဝပ်တို့ကို တိုးတက်ထုတ်လုပ်နိုင်သဖြင့် စုစုပေါင်း လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်နိုင်။
  • ဘီလူးချောင်းစက်ရုံများမှ နွေရာသီကာလထွက်ရှိမည့် ဓာတ်အား (၁၇၀) မဂ္ဂါဝပ် ခန့်ကို ဓာတ်အားစနစ်မှတဆင့် ဖြန့်ဖြူးနိုင်ရန် ဖောက်ခွဲဖျက်ဆီးခံထားရသော တာဝါတိုင် (၁၉)တိုင်ခန့်ကို ပြုပြင်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိ။
  • တာပိန် (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား (၁၂၀) မဂ္ဂါဝပ်ခန့်ကိုလည်း ဝယ်ယူရေးညှိနှိုင်းလျက်ရှိပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ဓာတ်အားပိုမိုထုတ်လွှတ်နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိ။
  • သူဌေးရေအားလျှပ်စစ်စီမံကိန်းသည် စက်တပ်ဆင်အင်အား (၃၇)မဂ္ဂါဝပ် ဓာတ်အားပေးစက် (၃) လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား (၁၁၁)မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်းထုတ်လုပ်ကာ ရခိုင်ပြည်နယ်အတွင်း ဒေသများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ။  

Add new comment