မုန်တိုင်းငယ်၏ အန္တရာယ်ကို ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရေး အသိပေးထုတ်ပြန်

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မတ်လ ၂၀ ရက် ည ၉နာရီ ၃၀ မိနစ်အချိန်တိုင်းထွာချက်များအရ မြောက်-အရှေ့မြောက် ဘက်သို့ရွေ့လျားခဲ့ပြီး ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့်ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေပြီး မုန်တိုင်းငယ်၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်သဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထားပါသည်။

သို့ဖြစ်၍ လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ သဘာဝဘေးအန္တရယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိရာ-

  • ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်များ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းများကျင်းပပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း။
  • မုန်တိုင်းငယ်အဖြစ် ဖြတ်ကျော်ဝင်ရောက်နိုင်မှု အခြေအနေများအား အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနက စောင့်ကြည့်လေ့လာပြီးအချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များစုစည်းပြီး ပြည်သူလူ့ထုသို့ သတိပေးချက်များထုတ်ပြန်ခြင်း။
  • ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ဒေးဒရဲမြို့နယ်၊ လပွတ္တာမြို့နယ်နှင့်မော်လမြိုင်ကျွန်းမြို့ နယ်များ၌လည်းကောင်း၊ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌လည်းကောင်း မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် အသင့်စုဖွဲ့ထားရှိခြင်း၊ လူစည်ကားရာနေရာများ၊ သင်္ဘောဆိပ်များနှင့် မြစ်ကမ်းတစ်လျှောက်စသည့်နေရာများတွင် အသံချဲ့စက်များ ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်း၊  အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိ။

အဆိုပါမုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်အားကောင်းလာပြီး မတ်လ ၂၁ ရက် နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံကိုကိုးကျွန်းအနီးသို့လည်းကောင်း၊ မတ်လ ၂၂ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ မတ်လ ၂၃ ရက် နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတမ်းအနီးသို့လည်းကောင်း ရောက်ရှိ နိုင်သည်ဟု  မိုးလေဝသနှင့် ဇလဗေဓဦးစီးဌာနမှ ခန့်မှန်းထားကြောင်းသိရှိရပါသည်။

  • မုန်တိုင်းငယ်၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်သဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထား။
  • လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ သဘာဝဘေးအန္တရယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိ။
  • အဆိုပါမုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်အားကောင်းလာပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်းအနီးသို့လည်းကောင်း၊ ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ ရခိုင်ကမ်းရိုးတမ်းအနီးသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဓ ဦးစီးဌာနမှ ခန့်မှန်းထားကြောင်းသိရှိရ။

Add new comment