တနင်္သာရီတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီး မြောက်အောင်မြင်ပွဲကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို မတ်လ ၁၉ ရက်တွင် ကော့သောင်းမြို့ မဉ္ဇူသကခန်းမ၌ ကျင်းပခဲ့ပါသည်၊၊

အခမ်းအနား၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက-

  • ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် နောက်ဆုံးအချက်အား အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အဓိကကျသည့် စီမံချက်တစ်ခုဖြစ်ကြောင်း၊၊

  • နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မဖြစ်မနေဆောင်ရွက်ရသည့် နိုင်ငံတော်စီမံချက်ဖြစ်ကြောင်း၊၊

  • တနင်္သာရီတိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရန် (၁၁၅,၈၉၇) ဦး လျာထားခဲ့ရာ ယခုအခါ တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးစီးအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရိုင် (၃) ခု၊ မြို့နယ် (၁၀) မြို့နယ်၊ ရပ်ကွက် (၉၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၇၀) အုပ်စု၊ ကျေးရွာပေါင်း (၁,၁၈၄) ရွာရှိပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၁၅,၈၉၇) ကတ်ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ (၁၄၀,၃၉၈) ကတ်ထုတ်ပေးနိုင်ခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် (၁၂၁ ဒသမ ၁၄) ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ 

  • ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် နောက်ဆုံးအချက်အား အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အဓိကကျသည့် စီမံချက်တစ်ခုဖြစ်ကြောင်း၊၊
  • တနင်္သာရီတိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၁၅,၈၉၇) ကတ် ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ (၁၄၀,၃၉၈) ကတ်ထုတ်ပေးနိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၁၂၁ ဒသမ ၁၄) ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် လျာထားချက်ရာနှုန်းပြည့်ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့။ 

Add new comment