နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မတ်လ ၂၀ ရက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုင်းမောတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ၍အမှာစကားပြောကြားရာတွင်-
- တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း တစ်ခုဖြစ်၍ တပ်မတော်သားများ အနေဖြင့် နိုင်ငံ့အရေးအရာနှင့်ပတ်သက်၍ ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း။
- နိုင်ငံကို ပျက်စီးစေလိုသော နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်သူများအနေဖြင့် အလုံးစုံပျက်စီးရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့အပေါ်သစ္စာမဲ့စွာဖြင့် ဝန်ထမ်းအချို့ CDM ပြုလုပ်ခဲ့မှုကြောင့် လစ်လပ်ခဲ့ရသည့် ကျန်းမာရေး၊ ပို့ဆောင်ရေးအပါအဝင် လိုအပ်သည့်နေရာစုံ ကဏ္ဍစုံများတွင် တိုင်းရင်းသား ပြည်သူများ အဆင်ပြေစေရန် တပ်မတော်သားပညာရှင်များအပါအဝင် သစ္စာရှိကြသည့် နိုင်ငံ့ ဝန်ထမ်းများဖြင့် ဝင်ရောက်ဖြည့်ဆည်းဆောင်ရွက်ခဲ့ရကြောင်း။
- ဆူပူဆန္ဒပြခြင်း၊ CDM ပြုလုပ်စေခြင်းတို့ဖြင့် အောင်မြင်မှုမရသဖြင့် အကြမ်းဖက်လုပ်ရပ်များကို ပြုလုပ်လာခဲ့ကြောင်း၊ နောက်ဆုံးအဆင့်အဖြစ် တပ်မတော်ကို ဖြိုခွဲရန် ဦးတည်ကြိုးပမ်းလာခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တာဝန်ခံမှု မရှိသည့် လူမှုကွန်ရက်များကိုအသုံးချ၍ သတင်းတု၊ သတင်းမှားများ ဖန်တီးထုတ်လွှင့်ခြင်းများ ပြုလုပ်လာကြောင်း။
- တပ်မတော်အနေဖြင့် ရေပက်မဝင်သည့် ကျစ်လစ်ခိုင်မာသော စည်းလုံးမှုဖြင့် ရပ်တည်လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် တပ်မတော်ပြိုကွဲရေးကို စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်နေမည်ဖြစ်သဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် ရှိပြီးသောစိတ်ဓာတ်ခိုင်မာသည့် စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်တားဆီးရမည်ဖြစ်ကြောင်း။
- စည်းလုံးညီညွတ်ရန် အထက်အောက်အပြန်အလှန်လေးစားမှု၊ အုပ်ချုပ်ရေး ညီညွတ်မျှတမှုရှိရန်လိုအပ်ပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရန်လိုကြောင်း၊ အလားတူ အမိန့်နာခံတတ်မှုနှင့် စစ်သည်တော်တိုင်း ကျင့်ကြံလိုက်နာရမည့် ကျင့်ဝတ်အပါး ၆၀ တို့ကိုလည်း စောင့်ထိန်းလိုက်နာရန်လိုကြောင်း။
- တပ်မတော်သားနှင့် မိသားစုဝင်များ၏ ဘဝလုံခြုံမှုရှိရေးအတွက် တပ်မှူးများသည် အမြဲတမ်းတွေးခေါ်ကြံဆဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားနှင့် မိသားစုဝင်များ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ သွားလာရေးများကို ပေးအပ်ထားသည့် အခွင့်အာဏာ၊ လုပ်ပိုင်ခွင့်အတွင်းမှ စေတနာ တရား ကိုယ်ချင်းစာတရားများဖြင့် အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
- တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်၍ တပ်မတော်သားများအနေဖြင့် နိုင်ငံ့အရေးအရာနှင့်ပတ်သက်၍ ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်လို။
- နိုင်ငံကိုပျက်စီးစေလိုသော နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်သူများအနေဖြင့် အလုံးစုံပျက်စီးရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့အပေါ်သစ္စာမဲ့စွာဖြင့် ဝန်ထမ်းအချို့ CDM ပြုလုပ်ခဲ့မှုကြောင့် လစ်လပ်ခဲ့ရသည့် ကျန်းမာရေး၊ ပို့ဆောင်ရေးအပါအဝင် လိုအပ်သည့်နေရာစုံ ကဏ္ဍစုံများတွင် တိုင်းရင်း သား ပြည်သူများ အဆင်ပြေစေရန် တပ်မတော်သားပညာရှင်များ အပါအဝင် သစ္စာရှိကြသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် ဝင်ရောက်ဖြည့်ဆည်းဆောင်ရွက်ခဲ့။
- ဆူပူဆန္ဒပြခြင်း၊ CDM ပြုလုပ်စေခြင်းတို့ဖြင့် အောင်မြင်မှုမရသဖြင့် နောက်ဆုံးအဆင့်အဖြစ် တပ်မတော်ကိုဖြိုခွဲရန် ဦးတည်ကြိုးပမ်းလာခဲ့။
၎င်းတို့အနေဖြင့် တပ်မတော်ပြိုကွဲရေးကို စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်နေမည်ဖြစ်သဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် ရှိပြီးသော စိတ်ဓာတ်ခိုင်မာသည့် စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်တားဆီးရမည်ဖြစ်။
Add new comment