မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မတ်လ ၁၈ ရက်တွင် NLD ပါတီထောက်ခံသူ PDF အကြမ်းဖက်အဖွဲ့၏ ဥပဒေမဲ့ခြိမ်းခြောက်လူသတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရွှေဘုံသာကျေးရွာမှ ဒေသခံပြည်သူများအား လုံခြုံစိတ်ချရသည့်နေရာများသို့ ပြန်လည်ခေါ်ယူစုစည်း၍ လုံခြုံရေးနှင့် နေထိုင်စားသောက်နိုင်ရေး စီစဉ်ပေးပြီး ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
- မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် PDF အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပေါက်မြို့နယ်၊ ရွှေဘုံသာကျေးရွာမှ ဒေသခံပြည်သူများအား သွားရောက်တွေ့ ဆုံ၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့။
Add new comment