နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကလောတပ်နယ်မှ အရာရှိ/စစ်သည်မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မတ်လ ၁၉ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့ရှိ တပ်နယ်ခန်းမ၌ ကလောတပ်နယ်မှ အရာရှိ/စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ရာ-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အရေးပေါ်ကာလ ၁ နှစ်ကျော်အတွင်း တွေ့ကြုံခဲ့ရသည့် စိန်ခေါ်မှုအမျိုးမျိုးနှင့် အခက်အခဲအမျိုးမျိုးတို့ကို တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ပြည်သူများ၊ သစ္စာရှိကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စုပေါင်းစွမ်းအားဖြင့် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ကြောင်း။

  • နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ဒို့တာဝန်အရေးသုံးပါးကို အခိုင်အမာရပ်တည်၍ နိုင်ငံ၏အချုပ်အခြာအာဏာကိုမထိပါးစေဘဲ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး လွတ်လပ်၍တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေး ရှေးရှု သည့်မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူဖြင့် ရပ်တည်ဆောင်ရွက်လျက်ရှိကြောင်း။

  • တစ်ဖက်တွင်လည်း တပ်မတော်အတွင်း ပြဿနာအမျိုးမျိုး ချိုးဖောက်ကျူးလွန်ကာ အရေးယူခံရမည်ကို ကြောက်ရွံ့၍ စစ်ပြေးမှုကျူးလွန်သူ အရာရှိ၊ စစ်သည်များကို ဒီမိုကရေစီသူရဲကောင်းအဖြစ် မြှောက်ပင့်၍ မီဒီယာနည်းလမ်းဖြင့် တပ်မတော်စည်းလုံးညီညွတ်မှုပြိုကွဲရေးကို ဦးတည်လျက် ဝါဒဖြန့်မှုများ လုပ်ဆောင်လျက်ရှိကြောင်း။

  • အကြမ်းဖက်သူများ၏ သွေးခွဲမှုများရှိစေကာမူ တပ်မတော်အနေဖြင့် တပ်တွင်းစည်းလုံးညီညွတ်မှုမှာ ခိုင်မြဲလျက်ရှိပြီး “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျစ်လစ်သော စည်းလုံးညီညွတ်မှုဖြင့် ရပ်တည်လျက်ရှိကြောင်း။

  • တပ်မတော်သားများနှင့် မိသားစုဝင်များ၏ စားဝတ်နေရေး၊ သွားလာရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့ အဆင်ပြေချောမွေ့စေရန် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် ကြိုးစားဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် တပ်မတော်သားများသည်လည်း လုပ်ငန်းတာဝန်ကို စိတ်လက်အေးချမ်းစွာ နိုင်ငံ့အရေးကို အပြည့်အဝ အကောင်အထည်ဖော်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများအားပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အရေးပေါ်ကာလ ၁ နှစ်ကျော်အတွင်း တွေ့ကြုံခဲ့ရသည့် စိန်ခေါ်မှုအမျိုးမျိုးနှင့် အခက်အခဲအမျိုးမျိုးတို့ကို တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ပြည်သူများ၊ သစ္စာရှိကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စုပေါင်းစွမ်းအားဖြင့် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့။
  • နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ဒို့တာဝန်အရေးသုံးပါးကို အခိုင်အမာရပ်တည်၍ နိုင်ငံ၏အချုပ်အခြာအာဏာကိုမထိပါးစေဘဲ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး လွတ်လပ်၍တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး ရှေးရှုသည့်မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူဖြင့် ရပ်တည်ဆောင်ရွက်လျက်ရှိ။
  • အကြမ်းဖက်သူများ၏ သွေးခွဲမှုများရှိစေကာမူ တပ်မတော်အနေဖြင့် တပ်တွင်းစည်းလုံးညီညွတ်မှုမှာ ခိုင်မြဲလျက်ရှိပြီး “ဘယ်သူ ခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျစ်လစ်သော စည်းလုံးညီညွတ်မှုဖြင့် ရပ်တည်လျက်ရှိ။

Add new comment