စွမ်းအင်နှင့်ကုန်သွယ်ရေး ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး ဆော်ဒီအာရေဗျနိုင်ငံနှင့်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဆော်ဒီအာရေဗျသံအမတ်ကြီးအား မတ်လ ၁၈ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံကြပြီး မြန်မာ-ဆော်ဒီ အာရေဗျနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ် ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေရေး၊ စွမ်းအင်နှင့် ကုန်သွယ်ရေးကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါသည်။    

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဆော်ဒီအာရေဗျသံအမတ်ကြီးအား မတ်လ ၁၈ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုတွင် ယုံကြည်ကိုးကွယ်မှု မတူညီသူများအကြား သဟဇာတဖြစ်မှု၏ အရေးကြီးမှု၊ မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့အကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်စသည့် ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့နှင့် ပတ်သက်၍  ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

  • နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ဆော်ဒီအာရေဗျသံအမတ်ကြီးအား လက်ခံတွေ့ဆုံကြပြီး မြန်မာ-ဆော်ဒီအာရေဗျနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေရေး၊ စွမ်းအင်နှင့်ကုန်သွယ်ရေးကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့။    
  •  ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ဆော်ဒီအာရေဗျသံအမတ်ကြီးအား တွေ့ဆုံပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ဆောင်ရွက်နေမှုအခြေအနေများ၊ ယုံကြည်ကိုးကွယ်မှုမတူညီသူများအကြား သဟဇာတဖြစ်မှု၏ အရေးကြီးမှု၊ မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်စသည့်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆွေးနွေးခဲ့၊၊

Add new comment