အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီအစည်းအဝေး (၁/၂၀၂၂) ကျင်းပ

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို မတ်လ ၁၈ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက-

  • ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံစောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (Country Task Force on Monitoring and Reporting-CTFMR) တို့အကြား “အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်း ရေးလုပ်ငန်းစီမံချက်” ကို ၂၀၁၂ ခုနှစ်၊ ဇွန် ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း။
  • CTFMR နှင့်ပူးပေါင်းပြီး တပ်မတော်မှ အရွယ်မရောက်မီ မှားယွင်းစုဆောင်း ခဲ့သည့် အသက်မပြည့်စစ်သည် ၁,၀၂၉ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုပြီး မိဘရပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည့်အပြင်  မှားယွင်းစုဆောင်းခြင်းခံခဲ့ရသည်ဟု စိစစ်တွေ့ရှိရသည့် အသက်မပြည့်စစ်သည် ၂၈ ဦးကိုလည်း မိဘ အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။
  • အရွယ်မရောက်သေးသူ ကလေးသူငယ်များနှင့် ဆန္ဒမပါသူများကို မှားယွင်းစုဆောင်းခဲ့သည့် တာဝန်ရှိသူအရာရှိ၊ စစ်သည်များကို အရေးယူဆောင်ရွက်ခဲ့ကြောင်း။
  • တပ်မတော်နှင့် CTFMR တို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ၂၀၁၉ ခုနှစ်အတွက် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲပါ ကလေးစစ်သည်စုဆောင်းမှုနှင့် အသုံးပြုမှု စာရင်းမှ မြန်မာ့တပ်မတော်ကို ပယ်ဖျက်ခဲ့ပြီး အပြီးသတ်ပယ်ဖျက်နိုင်ရေး စောင့်ကြည့်ကာလတစ်နှစ် သတ်မှတ်ပေးခဲ့ကြောင်း။
  • စောင့်ကြည့်ကာလအတွင်း တပ်မတော်အနေဖြင့် တပ်သားသစ်စုဆောင်းရေးကဏ္ဍ၌ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ ဇွန် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်စဉ် အစီရင်ခံစာမထုတ်ပြန်မီ ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ တစ်ဖက်သတ်ပြန်လည်စာရင်းသွင်းခဲ့ကြောင်း။
  • ထိုသို့ ပြန်လည်စာရင်းသွင်းခံရသော်လည်း တပ်မတော်အနေဖြင့် ကော်မတီအစည်းအဝေးများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် CTFMR သို့ အသိပေးဆောင်ရွက်လျက်ရှိကြောင်း။
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှလည်း “မိမိတို့ဘက်မှ လုပ်နိုင်သည့် အချက် များအား နည်းလမ်းတကျဆောင်ရွက်ပြီး CTFMR ဘက်သို့ အသိပေးပါရန်” ဟု မှတ်ချက်ပြုခဲ့ကြောင်း။
  • မြန်မာ့တပ်မတော်၏ အကောင်အထည်ဖော်ဆောင်ရွက်ချက်များကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာအထူးကိုယ်စားလှယ် Ms.Virginia Gamba ထံသို့ နိုင်ငံခြားရေးဝန်ကြီး ဌာနမှတစ်ဆင့် အကြောင်းပြန်ထားရှိပြီး မြန်မာ့တပ်မတော်အနေဖြင့် ကတိ ကဝတ်များအတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီဝင်များနှင့် သက်ဆိုင်ရာ ရုံး/ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

  • ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံစောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့တို့အကြား “အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးလုပ်ငန်းစီမံချက်” ကို ၂၀၁၂ ခုနှစ်၊ ဇွန် ၂၇ ရက်တွင် လက်မှတ် ရေးထိုးခဲ့။
  • CTFMR နှင့်ပူးပေါင်းပြီး တပ်မတော်မှအရွယ်မရောက်မီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် ၁,၀၂၉ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုပြီး မိဘရပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည့်အပြင် မှားယွင်းစုဆောင်းခြင်းခံခဲ့ရသည်ဟု စိစစ်တွေ့ရှိရသည့် အသက်မပြည့်စစ်သည် ၂၈ ဦးကိုလည်း မိဘ အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ။
  • စောင့်ကြည့်ကာလအတွင်း တပ်မတော်အနေဖြင့် တပ်သားသစ်စုဆောင်းရေးကဏ္ဍ၌ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ ဇွန် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ မထုတ်ပြန်မီ ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ တစ်ဖက်သတ်ပြန်လည်စာရင်းသွင်းခဲ့။
  • မြန်မာ့တပ်မတော်၏ အကောင်အထည်ဖော်ဆောင်ရွက်ချက်များကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာအထူးကိုယ်စားလှယ် Ms.Virginia Gamba ထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အကြောင်းပြန်ထားရှိကြောင်း မြန်မာ့တပ်မတော် အနေဖြင့် ကတိကဝတ်များအတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်။

Add new comment