၂၀၂၂ ခုနှစ်၊ (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းဖွင့်ပွဲ၊ မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ ၁၉ ရက်တွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င် ဒေါက်တာ ဗညား အောင်မိုးနှင့် မန်းငြိမ်းမောင်၊ နယ်စပ်ရေးရာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများရေးရာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးစောထွန်းအောင်မြင့်၊ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
(၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င် ဒေါက်တာဗညားအောင်မိုးက ဖတ်ကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မတ်လ ၁၉ ရက်နေ့တွင် ကျရောက်သော (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်မှာ-
- မွန်ပြည်နယ်နေ့သည် ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တနင်္သာရီတိုင်းအမှတ် (၁) အား မွန်ပြည်နယ်အဖြစ် ကမ္ပည်းတင်ရေးသားခဲ့သည့် မတ်လ(၁၉)ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး အထိမ်းအမှတ်အခမ်းအနားများအား တိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို အခြေခံလျက် စည်ကားသိုက်မြိုက်စွာ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၄၈)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း။
- မွန်ပြည်နယ်သည် ရာသီဥတုကောင်းမွန်မျှတပြီး သဘာဝအရင်းအမြစ်များဖြစ်သည့် တောတောင်၊ မြစ်ချောင်းများနှင့် စိမ်းလန်းစိုပြည်သော သစ်တောများရှိသည့်အပြင် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသည့်အတွက် မြေသယံဇာတ၊ ရေသယံဇာတများ ကြွယ်ဝသော ပြည်နယ်တစ်ခုလည်း ဖြစ်ကြောင်း။
- မွန်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုသည် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာရှိခဲ့သည့် လူမျိုးနွယ်တစ်စုဖြစ်ပြီး ယခုအခါတွင် မွန်ပြည်နယ်၌ မွန်၊ ဗမာ၊ ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်း စသည့် တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမများက အေးအေးချမ်းချမ်း ညီညီ ညွတ်ညွတ်ဖြင့် ချစ်ကြည်ရင်းနှီးစွာ နေထိုင်လျက်ရှိကြောင်း။
- မွန်တိုင်းရင်းသားများသည် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားတို့ဖြင့် ရှေးနှစ်ပေါင်းများစွာကတည်းက နေထိုင်ခဲ့ကြသူများဖြစ်ပြီး သမိန်ဗရမ်း၊ လဂွန်းအိမ်နှင့် အဲမွန်ဒယာကဲ့သို့သော သူရဲကောင်းများ ပေါ်ထွန်းခဲ့သည့် ဒေသဖြစ်ကြောင်း။
- လွတ်လပ်ရေးရပြီးနောက်ပိုင်းမှစ၍ ကိုလိုနီစနစ်၏ အမွေဆိုးကြောင့် ညီအစ်ကိုအချင်းချင်းကြား နိုင်ငံရေးအယူဝါဒ မတူညီမှုများကို လက်နက်နှင့် ဖြေရှင်းကြသည့်အတွက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကာလရှည်ကြာပြီး ငြိမ်းချမ်းရေးနှင့်အလှမ်းဝေးခဲ့ရသော်လည်း မွန်တိုင်းရင်းသားတို့၏ စည်းလုံး ညီညွတ်မှုဖြင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် မွန်ပြည်သစ်ပါတီက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပြီး မွန်ပြည်နယ်၏ ငြိမ်းချမ်းရေး သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည့်အတွက် အထူးဝမ်းမြောက်မိကြောင်း။
- ရှေ့ဆက်လက်၍လည်း မွန်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးအနေဖြင့်လည်း ပြည်ထောင်စုဖွားတိုင်းရင်းသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ သည်းခံခွင့်လွှတ်မှု၊ ယုံကြည်လေးစားမှုများကို ယခုထက်ပိုမိုတိုးမြှင့် တည်ဆောက်ကြပါရန် တိုက်တွန်းမှာလိုကြောင်း။
- မွန်ပြည်နယ်အတွင်း နိုင်ငံတော်၏အစီအမံဖြင့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများကိုပါ စီမံကိန်း များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်သူ/ ပြည် နယ်သားတို့၏ပါဝင်မှုစွမ်းအားဖြင့် တက်ညီလက်ညီတည်ဆောက်ခြင်းဖြင့် မွန်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု မျှော်လင့်ချက်ကို ရယူခံစားနိုင်တော့မည်ဖြစ်ကြောင်း။
- အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်ထောင်စုစိတ်ဓာတ်သည် အရင်းခံဖြစ်သလို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် အနာဂတ်ပြည်ထောင်စုကြီး တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်မှာလည်း ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်ကြောင်း။
- တိုင်းရင်းသားအချင်းချင်း အပြန်အလှန်ချစ်ခင်လေးစား ယုံကြည်မှုဖြင့် စည်းလုံး ညီညွတ်သည့်ပြည်ထောင်စုကြီး တည်ဆောက်မည်ဟူသော ခိုင်မာသည့် သန္နိဋ္ဌာန်စိတ်တို့ဖြင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်က မွန်တိုင်းရင်းသားများသည် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် တက်ကြွစွာပါဝင်ခဲ့သည့်နည်းတူ ဆက်လက်ဆောင်ရွက်မည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးထူထောင်နိုင်ရေးတွင်လည်း အားသွန်ခွန်စိုက် ဆက်လက်ပါဝင်ဆောင်ရွက်နိုင်ပါစေကြောင်း၊ ပြည်နယ်အကျိုး၊ ပြည် နယ်သားများ၏အကျိုး၊ နိုင်ငံအကျိုး၊ နိုင်ငံသားများ၏အကျိုး ပိုမိုတိုးတက် မြင့်မားရလေအောင် သယ်ပိုးနိုင်သူများ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါသည်။
- ၂၀၂၂ ခုနှစ်၊ (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းဖွင့်ပွဲ၊ မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့။
- ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တနင်္သာရီတိုင်း အမှတ် (၁) အား မွန်ပြည်နယ်အဖြစ် ကမ္ပည်းတင်ရေးသားခဲ့သည့် မတ်လ(၁၉)ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို အခြေခံလျက် စည်ကားသိုက်မြိုက်စွာ နှစ်စဉ်ကျင်းပပြုလုပ် ခဲ့သည်မှာ ယနေ့ဆိုလျှင် (၄၈)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်။
- ယခုအခါတွင် မွန်ပြည်နယ်၌ မွန်၊ ဗမာ၊ ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်း စသည့် တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမများက အေးအေးချမ်းချမ်းညီညီညွတ်ညွတ်ဖြင့် ချစ်ကြည်ရင်းနှီးစွာနေထိုင်လျက်ရှိ။
- မွန်တိုင်းရင်းသားများသည် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားတို့ဖြင့် ရှေးနှစ်ပေါင်းများစွာကတည်းက နေထိုင်ခဲ့ကြသူများဖြစ်ပြီး သမိန်ဗရမ်း၊ လဂွန်းအိမ်နှင့် အဲမွန်ဒယာကဲ့သို့သော သူရဲကောင်းများ ပေါ်ထွန်းခဲ့သည့်ဒေသဖြစ်။
- လွတ်လပ်ရေးရပြီးနောက်ပိုင်းမှစ၍ ကိုလိုနီစနစ်၏ အမွေဆိုးကြောင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ကာလရှည်ကြာပြီး ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးခဲ့ရသော်လည်း မွန်တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုဖြင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက် နေ့တွင် မွန်ပြည်သစ်ပါတီက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပြီး မွန်ပြည်နယ်၏ ငြိမ်းချမ်းရေးသမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့။
- အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်ထောင်စုစိတ်ဓာတ်သည် အရင်းခံဖြစ်သလို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် အနာဂတ်ပြည်ထောင်စုကြီးတည်ဆောက်ရေး၏ အခြေခံအုတ်မြစ်မှာလည်း ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်။
- မွန်တိုင်းရင်းသားများသည် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် တက်ကြွစွာပါဝင်ခဲ့သည့်နည်းတူ ဆက်လက်ဆောင်ရွက်မည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ထူထောင်နိုင်ရေးတွင်လည်း အားသွန်ခွန်စိုက် ဆက်လက်ပါဝင်ဆောင်ရွက်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်း၍ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့။
Add new comment