စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ခရစ်ယာန်ဘာသာရေးကျောင်းအား PDF အကြမ်းဖက်အဖွဲ့က မတ်လ ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။
မီးလောင်မှုဖြစ်ပွားသည့်သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်မီးငြိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၅ မိနစ်တွင် မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ အုတ်နံကပ် ၂ ထပ် အဆောက်အဦ ၁ လုံး (တန်ဖိုးငွေ ၄၈ သိန်းကျပ်ခန့်) ပျက်စီးဆုံးရှုံးခဲ့ပါသည်။
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှု များပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများကိုပါ မီးရှို့ ဖျက်ဆီးခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် မိုင်းထောင်ဖောက်ခွဲခြင်းတို့ကို ရက်စက်ယုတ်မာစွာ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
အထက်ပါဖြစ်စဉ်မှ ခရစ်ယာန်ဘာသာရေးကျောင်းအား မီးရှို့ဖျက်ဆီးခဲ့သည့် PDF အကြမ်းသမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- မတ်လ ၁၆ ရက်တွင် PDF အကြမ်းဖက်အဖွဲ့က ကလေးမြို့ရှိ ခရစ်ယာန် ဘာသာရေးကျောင်းအား မီးရှို့ဖျက်ဆီးခဲ့။
- မီးလောင်မှုကြောင့် ဘာသာရေးကျောင်း၏သွပ်မိုး၊ ပျဉ်ခင်း၊ အုတ်နံကပ် ၂ ထပ် အဆောက်အဦ ၁ လုံး (တန်ဖိုးငွေ ၄၈ သိန်းကျပ်ခန့်) ပျက်စီးဆုံးရှုံးခဲ့။
Add new comment