PDF အကြမ်းဖက်သမားများက မူလတန်းကျောင်းအုပ်ဆရာမကြီး ၁ ဦး၊ အထက်တန်း သူနာပြုဆရာမ ၁ ဦးနှင့် အပြစ်မဲ့ပြည်သူ ၃ ဦးတို့အား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်၊ မင်းတုန်းအခြေခံပညာအထက်တန်းကျောင်းအား ဖောက်ခွဲဖျက်ဆီး

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပြည်သူလူထုများအကြား  စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန်၊ အုပ်ချုပ်ရေးယန္တရားများ ရပ်တန့်စေရန်နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်ရည်ရွယ်၍ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့မှုရယူပြီး နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများအတိုင်း အဖျက်အမှောက်လုပ်ငန်းများအား လုပ်ဆောင်ရာတွင် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများအပြင် အေးချမ်းစွာနေထိုင်သော ပြည်သူများနှင့် နိုင်ငံ့ ဝန်ထမ်းများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်းများနှင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းများကို ကျူးလွန်လုပ်ဆောင်လျက်ရှိရာ-

  • မတ်လ ၁၆ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မြို့စိုး(မြောက်) ကျေးရွာနေ ကမ်းမဖြူအခြေခံပညာအလယ်တန်းကျောင်းခွဲမှ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်စိန်(ခ) မြင့်မြင့်စိန်(၅၇)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်သမား ၆ ဦး ရောက်ရှိလာပြီး ၎င်းအား “CDM မလုပ် ဘူးလား” ဟုခြိမ်းခြောက်ကာ “ဒလန်”ဟု စွပ်စွဲပြောဆို၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ရာ လည်ဂုတ်ပြတ်ရှဒဏ်ရာရရှိကာ သေဆုံးခဲ့။
  • မတ်လ ၁၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် ကြွေတိုက်နယ်ဆေးရုံသို့ PDF အကြမ်းဖက်သမား ၃၀ ဦးခန့်ရောက်ရှိလာပြီး ဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာနေ အထက်တန်းသူနာပြု ဆရာမဖြစ်သူ ဒေါ်ခင်သန္တာမြင့်(၄၂) နှစ်နှင့် ခင်ပွန်းဖြစ်သူ ဦးသန်းနိုင်ဦး(၃၉)နှစ်တို့ ဆေးရုံသို့ရောက်ရှိနေသည့် အဆိုပါကျေးရွာနေ ကြွေတိုက်နယ်ဆေးရုံမြေအလှူရှင် ဦးခင်မောင်တိုး(၄၆)နှစ်နှင့် ဆေးရုံအဆောက်အဦအလှူရှင် ဦးနိုင်လင်းထွန်း(၃၂)နှစ် စုစုပေါင်း ၄ တို့ဦးအား ဆေးရုံလူနာဆောင်အတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့။
  • ထို့နောက် အထက်တန်းသူနာပြုဆရာမအား CDM တွင် ပါဝင်ခြင်းမရှိဘဲ ဒေသခံပြည်သူများအား ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့်လည်းကောင်း၊ အမျိုးသား ၃ ဦးအား “ဒလန်များ”ဟုလည်းကောင်း စွပ်စွဲပြောဆို၍ ဓားများဖြင့် ရက်စက်စွာဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်ခဲ့သဖြင့် သူနာပြုဆရာမ အပါအဝင် ၎င်းတို့ ၄ ဦးမှာ ဒဏ်ရာများဖြင့် သေဆုံးခဲ့။
  • မတ်လ ၁၇ ရက်တွင် မင်းတုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ မင်းတုန်းအခြေခံပညာအထက်တန်းကျောင်းအား PDF အကြမ်းဖက်သမားများက ဂက်(စ်)ဘူး ၃ ဘူးကို ဆိုင်ကယ်ကျွတ်စဖြင့်ပတ်ကာ ဓာတ်ဆီလောင်း၍ ကျောင်းခြံစည်းရိုးအပြင်မှ မီးရှို့ပစ်ပေါက်ခဲ့သဖြင့် ကျောင်းအုပ်ကြီးရုံးခန်း အပြင်ဘက် ဝရန်တာသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းခြံစည်းရိုး အုတ်တံတိုင်းပျက်စီး၍ မှန်များ ကွဲအက်ပျက်စီးခဲ့။

 အဆိုပါအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍  ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • မြိုင်မြို့နယ်၊ ကမ်းမဖြူအခြေခံပညာအလယ်တန်းကျောင်းခွဲမှ မူလတန်းကျောင်းအုပ်ဆရာမကြီး အား PDF အကြမ်းဖက်သမား ၆ ဦး ရောက်ရှိလာပြီး ၎င်းအား “CDM မလုပ်ဘူးလား” ဟုခြိမ်းခြောက်ကာ “ဒလန်”ဟု စွပ်စွဲပြောဆို၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့။
  • မင်းကင်းမြို့နယ်ရှိ ကြွေတိုက်နယ်ဆေးရုံသို့ PDF အကြမ်းဖက်သမား ၃၀ ဦးခန့်ရောက်ရှိလာပြီး ဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာနေ အထက်တန်းသူနာပြု ဆရာမအား CDM တွင် ပါဝင်ခြင်းမရှိဘဲ ဒေသခံပြည်သူများအား ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် လည်းကောင်း၊ အမျိုးသား ၃ ဦးအား “ဒလန်များ”ဟုလည်းကောင်း စွပ်စွဲပြောဆို၍ ဓားများဖြင့် ရက်စက်စွာ ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်ခဲ့။
  • မင်းတုန်းမြို့နယ်ရှိ မင်းတုန်းအခြေခံပညာအထက်တန်းကျောင်းအား PDF အကြမ်းဖက်သမားများက ဂက်(စ်)ဘူး ၃ ဘူးကို ဆိုင်ကယ်ကျွတ်စဖြင့်ပတ်ကာ ဓာတ်ဆီလောင်း၍ ကျောင်းခြံစည်းရိုးအပြင်မှ မီးရှို့ပစ်ပေါက်ခဲ့သဖြင့် ကျောင်းအုပ်ကြီးရုံးခန်း အပြင်ဘက်ဝရန်တာသို့ ကျရောက်ပေါက်ကွဲ မှုကြောင့် ကျောင်းခြံစည်းရိုးအုတ် တံတိုင်းပျက်စီး၍ မှန်များကွဲအက်ပျက်စီးခဲ့။

Add new comment