ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)ကို မတ်လ ၁၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင်-

  • ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းများရေးဆွဲရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို အခြေခံပြီး မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ ရေးဆွဲကြရမည် ဖြစ်ကြောင်း။
  • နိုင်ငံအတွင်းရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံ၍ အသက်မွေးဝမ်းကျောင်းပြုကြရသူများဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ် လုပ်မှုလုပ်ငန်းစဉ်များကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများက ဦးဆောင်လမ်းပြကူညီပံ့ပိုးဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
  • ယခုအချိန်သည် နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ရမည့်အချိန်ဖြစ်သည့်အတွက် အစိုးရ၏အသုံးစရိတ်သုံးစွဲမှုများသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများကို အထောက်အကူပြုနိုင်ရမည်ဖြစ်ကြောင်း။
  • မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးအသုံးစရိတ်များကိုလည်း ဆက်လက်အားပေးမြှင့်တင်သုံးစွဲသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါသည် လုံးဝချုပ်ငြိမ်းသွားခြင်း မရှိသေးသည့်အတွက် ကာကွယ်ဆေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသုံးစရိတ်များကိုလည်း မဖြစ်မနေဆက်လက်သုံးစွဲသွားရမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်၏ မက်ခရိုစီးပွားရေးအခြေအနေပြ ညွှန်ကိန်းများအရ အရအသုံးခန့်မှန်း ခြေငွေစာရင်းလိုငွေနှင့် ဂျီဒီပီအချိုးကို ရှိသင့်သည့်ပမာဏ အတိုင်းအတာအတွင်း ထိန်းသိမ်းဆောင်ရွက်မှသာ နိုင်ငံတော်၏လိုငွေများကြောင့် ရယူထားရသည့် ပြည်တွင်း၊ ပြည်ပကြွေးမြီများ၏ ဝန်ထုပ်ဝန်ပိုးကို ကြိုတင်ကာကွယ် နိုင်မည်ဖြစ်ကြောင်း မှာကြားခဲ့။

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က  ဘဏ္ဍာငွေ ရရှိ သုံးစွဲမှုအခြေအနေများကို ပြောကြားခဲ့ပြီး တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပါသည်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှုအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် မြေ၊ ရေနှင့် လူသားအရင်းအမြစ်များရှိပြီးဖြစ်ကြောင်း၊ ပြည်ပပို့ကုန်များကို အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက ပြည်ပဝင်ငွေများ တိုးတက်လာမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏လုပ်ငန်း တာဝန်အရပ်ရပ်ကို တာဝန်ယူဆောင်ရွက်နေချိန်တွင် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အဓိကရည်မှန်းချက်ထား ဆောင်ရွက်နေသည်မှာ နိုင်ငံသာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက်ပင်ဖြစ်ကြောင်း။
  • လက်ရှိအခြေအနေအရ ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် ပြည်ပသွင်းကုန်များ စိစစ်တင်သွင်းရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ပြည်ပသွင်းကုန်အစားထိုးနိုင်မည့် အရည်အသွေးပြည့်မီသည့် ပြည်တွင်းထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း။
  • အသုံးစရိတ်များသုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်း၊စည်းကမ်းများကို တိကျစွာလိုက်နာကြရန်နှင့် တင်ဒါစည်းမျဉ်း၊ စည်းကမ်းများကိုလည်း တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။
  • နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးစီးပွားကိုဦးထိပ်ထားပြီး ကောင်းမွန်သော ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစွမ်းရည်များနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအားလုံး မိမိတို့ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေများနှင့်အညီ ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်းရေးမှူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက Video Conferencing ဖြင့် ချိတ်ဆက် တက်ရောက်ကြခဲ့ကြပါသည်။

  • မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးအသုံးစရိတ်များကိုလည်း ဆက်လက်အားပေးမြှင့်တင်သုံးစွဲသွားမည်ဖြစ်
  • ကိုဗစ်-၁၉ ကပ်ရောဂါသည် လုံးဝချုပ်ငြိမ်းသွားခြင်းမရှိသေးသည့်အတွက် ကာကွယ်ဆေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသုံးစရိတ်များကိုလည်း မဖြစ်မနေဆက်လက်သုံးစွဲသွားရမည်ဖြစ်။
  • နိုင်ငံတော်၏ မက်ခရိုစီးပွားရေးအခြေအနေပြ ညွှန်ကိန်းများအရ အရအသုံးခန့်မှန်း ခြေငွေစာရင်းလိုငွေနှင့် ဂျီဒီပီအချိုးကို ရှိသင့်သည့်ပမာဏ အတိုင်းအတာအတွင်း ထိန်းသိမ်းဆောင်ရွက်မှသာ နိုင်ငံတော်၏လိုငွေများကြောင့် ရယူထားရသည့် ပြည်တွင်း၊ ပြည်ပကြွေးမြီများ၏ ဝန်ထုပ်ဝန်ပိုးကို ကြိုတင် ကာကွယ်နိုင်မည်ဖြစ်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏လုပ်ငန်းတာဝန်အရပ်ရပ်ကို တာဝန်ယူဆောင်ရွက်နေချိန်တွင် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိ၊ မိမိတို့အဓိကရည်မှန်းချက်ထား ဆောင်ရွက်နေသည်မှာ နိုင်ငံသာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက်ပင်ဖြစ်။
  • လက်ရှိအခြေအနေအရ ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် ပြည်ပသွင်းကုန်များ စိစစ်တင် သွင်းရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ပြည်ပသွင်းကုန်အစားထိုးနိုင်မည့် အရည်အသွေးပြည့်မီသည့် ပြည်တွင်းထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်။

Add new comment