ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းမကြီးများ အဆင့်မြှင့်တင်

ကုန်စည်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ပေါင်းကူးဆက်သွယ်ထားသော ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းတို့ကို ရန်ကုန်ပြည်လမ်း အမှတ် (၁) လမ်းကဲ့သို့ ယာဉ်လမ်းအန္တရာယ်လုံခြုံမှုရှိစေရန်နှင့် သန့်ရှင်းသာယာ လှပစေရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းတို့ သည်  လှိုင်သာယာမြို့နယ်ကိုဖြတ်၍ ဖောက်လုပ်ထားသော ခြောက်လမ်းသွားကွန်ကရစ်လမ်းမကြီးဖြစ်ပြီး စီးပွားရေးအရအရေးပါသော  လမ်းမကြီးတစ်ခုလည်းဖြစ်ပါသည်။

ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းတို့ ဖြတ်သန်းဖောက်လုပ်ထားသော လှိုင်သာယာမြို့နယ်သည် လူဦးရေအထူထပ်ဆုံးနှင့် စက်မှုဇုန်ကြီးများစွာ တည်ရှိရာ စက် မှုလက်မှုမြို့သစ်များဖြစ်ပြီး ပုဂ္ဂလိကတိုင်းရင်းသားလုပ်ငန်းရှင် များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် အများဆုံးလုပ်ကိုင် နေသော နေရာဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက် ရေးအတွက် ယခုကဲ့သို့ အဆင့်မြှင့်တင်ဆောက်လုပ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

  • ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ပေါင်းကူးဆက်သွယ်ထားသော ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်- ညောင်တုန်းလမ်းတို့ကို ရန်ကုန်ပြည်လမ်း အမှတ်(၁)လမ်းကဲ့သို့ ယာဉ်လမ်းအန္တရာယ်လုံခြုံမှုရှိစေရန်နှင့် သန့်ရှင်းသာယာ လှပစေရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိ။