ပေါက်မြို့၌ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန်ကျောင်း ၂ ကျောင်းအား လက်လုပ်မိုင်းများအသုံးပြု၍ ဖောက်ခွဲဖျက်ဆီး

ဒီဇင်ဘာလ ၂၅ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက် မြို့၌ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသော အကြမ်းဖက်သူများက အခြေခံ ပညာမူလတန်းလွန်ကျောင်း ၂ ကျောင်းအား လက်လုပ်မိုင်းများ အသုံးပြု၍ ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ရာ-

· အောင်တော်မူရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာမူလတန်း လွန်ကျောင်းအား ကျောင်းရှေ့လမ်းပေါ်မှ ဆိုင်ကယ်မောင်း နှင်လာသည့် အကြမ်းဖက်သမား ၁ ဦးက လက်လုပ်ဗုံးတစ် လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ   စာသင် ဆောင်ရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျောင်းဆောင်၏ မျက်နှာကျက် ၁၀ ချပ်နှင့် ပြတင်းတံခါး မှန် ၂၀ ချပ်တို့ ကွဲအက်ပျက်စီးခဲ့။

· အောင်ချမ်းသာရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာမူလတန်း လွန်ကျောင်း၌ မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိရသဖြင့် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ အိတ်အတွင်းမှ အလျား ၈ လက်မ ခန့်၊ အချင်း ၃ လက်မခန့်ရှိ PVC ပိုက်ဖြင့် ပြုလုပ်ထားပြီး စားပွဲတင်နာရီတစ်လုံးဖြင့် ချိတ်ဆက်ထားသည့် လက်လုပ် ချိန်ကိုက်မိုင်းတစ်လုံးအား တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ဖောက်ခွဲဖျက်ဆီးခဲ့။

NUG လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ များက အေးချမ်းစွာနေထိုင်သော ဒေသခံပြည်သူများနှင့် ပညာ သင်ကြားနေသော ကျောင်းသား/သူများအား ထိခိုက်ဒဏ်ရာရစေလိုသည့်အပြင် အစိုးရ၏ယန္တရားကိုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် မိမိတို့လုပ်ရပ်၏ အကျိုးသက်ရောက်မှုများကို မစဉ်းစားမဆင်ခြင်ဘဲ လွဲမှားသောခံယူချက်များကို စွဲကိုင်လျက် အကြမ်းဖက်လုပ်ရပ်မျိုးစုံလုပ်ကိုင်လျက်ရှိပါသည်။

အထက်ပါဖြစ်စဉ်များမှ စာသင်ကျောင်းများအား လက် လုပ်မိုင်းအသုံးပြု၍ ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေ နှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

  • ပေါက်မြို့၌ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန်ကျောင်း ၂ ကျောင်းအား လက်လုပ်မိုင်းများ အသုံးပြု၍ ဖောက်ခွဲဖျက်ဆီးခဲ့။
  • စာသင်ကျောင်းများအား လက်လုပ်မိုင်းအသုံးပြု၍ ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိ။