နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပန်းခင်းစီမံချက်အား ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ၎င်းစီမံချက်မှ မဲဆန္ဒရှင် ၃.၈ သန်း ကျော်ကို နိုင်ငံသားစိစစ်ရေးကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် “ပန်းခင်း” စီမံချက်ဖြင့် ၃-၅-၂၀၂၁ ရက်မှ ၂၃-၁၂-၂၀၂၁ ရက်အထိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုးထုတ်ပေးပြီးစီးမှု အခြေအနေများမှာဇယားပါအတိုင်းဖြစ်ပြီး-
မှတ်ချက်။ ၃(က)=၁၀နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား
၆(က)=၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား
တရားဝင် အထစ=တရားဝင် အိမ်ထောင်စုစာရင်း
M အထစ=ရွေ့ပြောင်းအိမ်ထောင်စုလူဦးရေစာရင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက် အရ “ပန်းခင်း” စီမံချက် အောင်မြင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တိုင်း ဒေသကြီး/ ပြည်နယ်များရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။