ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသော Quarantine Center များ အား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၆ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည် သူစုစုပေါင်း ၈၄,၂၉၆ ဦးအားလည်းကောင်း၊ ပထမအကြိမ် အဖြစ် ပြည်သူစုစုပေါင်း ၄၀,၂၄၆ ဦးအား လည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဒီဇင်ဘာလ ၂၆ ရက်တွင် ဒုတိယ အကြိမ်အဖြစ် ၁,၀၈၁ ဦးအားလည်းကောင်း၊ ပထမအကြိမ် အဖြစ် ၅၄၁ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဒီဇင်ဘာလ ၂၆ ရက် အထိ ကျောင်းသား/သူစုစုပေါင်း ၁,၄၇၀,၈၄၃ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
· ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပြည်မြို့၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့များသို့ မြေပြင်ခရီးလမ်းကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိ။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရန်အတွက် ဆောင်ရွက် ပေးလျက်ရှိရာ-
· ဒီဇင်ဘာလ ၂၆ ရက်တွင် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းရာ၌ ကုမ္ပဏီ ၄ ခုမှ ယာဉ် ၇ စီးဖြင့် အောက်ဆီဂျင်(အရည်) Storage Container/Tank ၁ ခု၊ အောက်ဆီဂျင်အရည် Distributor ၁ ခု၊ အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Concentrator) ၈၀ ခု၊ PPE ဝတ်စုံ ၁၉,၄၀၀ စုံနှင့် နှာခေါင်း စည်း (Mask) ၁၂ တန် တင်သွင်းနိုင်ခဲ့။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက် ရှိရာ ဒီဇင်ဘာလ ၂၆ ရက်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၇,၅၅၂ ခု အားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၁၀ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၁.၄၆ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၂၆-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၉၈၁,၃၇၅ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၂၉,၆၁၃ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၅၄ ဦးရှိကြောင်း သိရှိရပါသည်။
- တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၆ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၈၄,၂၉၆ ဦးအားလည်းကောင်း၊ ပထမအကြိမ် အဖြစ် ပြည်သူစုစုပေါင်း ၄၀,၂၄၆ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
- ၂၆-၁၂-၂၀၂၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ စုစုပေါင်း ၁,၄၇၀,၈၄၃ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
- ၂၆-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၉၈၁,၃၇၅ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၂၉,၆၁၃ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၅၄ ဦးဖြစ်ပြီး ၂၆-၁၂-၂၀၂၁ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၁.၄၆ ရာခိုင်နှုန်းရှိ။