ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲတတိယနေ့ ဆက်လက်ကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါ တီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲတတိယနေ့အစီ အစဉ်ကို ဒီဇင်ဘာလ ၂၆ ရက်တွင် ဆက်လက်ကျင်းပခဲ့ရာ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံ‌ရေးပါတီများမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက် ခဲ့ကြပါသည်။

အခမ်းအနားတွင် နိုင်ငံရေးပါတီအစုအဖွဲ့ (၆) ဖွဲ့၏  ဒီဇင်ဘာ ၂၄ ရက်နှင့် ၂၅ ရက် နှစ်ရက်တာဆွေးနွေးချက်များအရ ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးရေးအတွက် အချိုးကျကိုယ်စားပြုစနစ်(PR)နှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် ရွေးကောက်ပွဲဒီဇိုင်းစာတမ်းများကို အစုအဖွဲ့ (၆) ဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးစီက ဖတ်ကြားတင်ပြခဲ့ပါသည်။

ပြည်သူ့လွှတ်တော်အတွက် အဖွဲ့(၁)မှ ပြုစုထားသော စာတမ်းကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးထွန်းရီ က ကိုယ်စားပြုဖတ်ကြားတင်ပြရာတွင်-

· မဲဆန္ဒရှင်များအတွက်နှင့် မဲရေတွက်သူများအတွက်ပါ အခက် အခဲအနည်းဆုံးဖြစ်မည့် “စာရင်းပိတ်စနစ် (Closed List PR)” ကို ကျင့်သုံးသင့်ကြောင်း၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေများသတ်မှတ်ရာတွင် အငြင်းပွားမှုများဖြစ်ပေါ်လာနိုင် သည့် လူဦးရေအပေါ်အခြေမခံဘဲ မြို့နယ်ကိုအခြေခံတွက် ချက်ခြင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ယခင် ကရရှိခဲ့သည့် ကိုယ်စားလှယ်ဦးရေများအတိုင်း ခွဲဝေသတ် မှတ်သင့်ကြောင်း။

· တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ရရှိသည့် ကိုယ်စားလှယ်ဦးရေအပေါ် မူတည်၍  မဲဆန္ဒနယ်မြေများသတ်မှတ် ရာ၌မူ တတ်နိုင်သမျှ လူဦးရေအချိုးအစားညီမျှရေးကို ထည့် သွင်းစဉ်စားဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့။

ပြည်သူ့လွှတ်တော်အတွက် အဖွဲ့(၂)မှ ပြုစုထားသော စာတမ်းကို ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးတင်ဆွေက ကိုယ် စားပြုဆွေးနွေးရာတွင်-

· ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR System) ဖြင့်ကျင်းပခြင်းကို တက်ရောက်လာသော ပါတီများအားလုံးက သဘောတူကြောင်း၊ Closed List ဖြင့် ကျင်းပမည်ကို သဘောတူကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၁(ဃ)တွင် “မြို့နယ်များကို ခရိုင်အဖြစ် စုစည်းသည်” ဟု ပြဌာန်းချက်အတိုင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေသတ်မှတ်ရာတွင် မြို့နယ်များကို ခရိုင် အဖြစ်စုစည်း၍ မဲဆန္ဒနယ်သတ်မှတ်ခြင်းကို သဘောတူကြကြောင်း။

· မဲရုံအဝတွင် ဗွီနိုင်း၊ ပိုစတာများဖြင့် ပါတီ၏ အမည်အောက် တွင် ဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များ၏ ဓာတ်ပုံနှင့်အမည်ကို ဖော်ပြပေးမှသာ မဲဆန္ဒရှင်သည် ၎င်းကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကို မျက်မြင်ကြည့်ရှု၍ လွယ်ကူစွာဖြင့် ၎င်းကိုယ်စားလှယ်လောင်း ၏ပါတီအား ရွေးချယ်မဲပေးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့။

အမျိုးသားလွှတ်တော်အတွက် အဖွဲ့(၃)မှ ပြုစုထားသောစာတမ်းကို လူထုပါတီမှ ဦးပါစီပြည်ဟိန်းက ကိုယ်စားပြုဆွေးနွေးတင်ပြရာတွင်-

· မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပရမည့် လွှတ်တော်သုံးရပ် ရွေးကောက်ပွဲများတွင် "စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ်" (Closed List – PR) ကို ကျင့်သုံးရန် အသင့်မြတ်ဆုံးဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံပေါင်း ၁၀၀ ကျော်တွင်လည်း အချိုးကျကိုယ်စားပြုစနစ်ကို တွင်ကျယ်စွာ ကျင့်သုံးနေပြီဖြစ်ကြောင်း၊ မဲဆန္ဒနယ်များသတ်မှတ်ရာ၌ ခရိုင်များကို အခြေပြုသတ် မှတ်ခြင်းသည် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်အတွက် သင့်တင့်လျောက်ပတ်သောအရွယ်အစား (Sui-table Size) ဖြစ်ကြောင်း။

· ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦး အနည်းဆုံးရရှိရမည့် ခိုင်လုံမဲအရေအတွက် ပမာဏကို ကြိုတင်သတ်မှတ်ထားပြီး ထိုသတ်မှတ်ချက်အရ ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူအရေအတွက် ပြည့်မီခြင်းမရှိ သေးပါက လိုအပ်နေသေးသည့် ကိုယ်စားလှယ်အရေ   အတွက် ပေါ်ပေါက်နေလျှင် ထိုပေါ်ပေါက်ချက်အား ပိုလျှံမဲ (သို့မဟုတ်) အကြွင်းကျန်မဲ အများဆုံးရရှိသည့်ပါတီ (တစ် သီးပုဂ္ဂလအပါအဝင်)ကို အများဆုံးကြွင်းကျန်မဲ တွက်ချက် မှုဖော်မြူလာဖြင့် တွက်ချက်ရရှိသည့် ကိုယ်စားလှယ်အား ထပ်တိုးကိုယ်စားလှယ်အဖြစ် ပေါင်းစပ်ထည့်သွင်းပေးခြင်း နည်းစနစ်ကျင့်သုံးရန်ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြခဲ့။     

အမျိုးသားလွှတ်တော်အတွက် အဖွဲ့(၄)မှ ပြုစုထားသောစာတမ်းကို ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒေါက်တာမျိုးဆက် သွေးက ကိုယ်စားပြုဆွေးနွေးတင်ပြရာတွင်-

· အချိုးကျကိုယ်စားပြုစနစ် (PR System) ကျင့်သုံးရေး အတွက် သဘောတူကြောင်း၊ Closed List – PR System ကို စတင်အသုံးပြုသင့်ပြီး မဲဆန္ဒရှင်ပြည်သူများ၏ ပညာတတ်မြောက်မှုနှင့် နိုင်ငံရေးရေချိန်မြင့်တက်လာမှုအခြေ  အနေတစ်ရပ်သို့ ရောက်ရှိချိန်မှသာလျှင် Open List – PR  System သို့မဟုတ် အခြား PR System Design များကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများအတွက် လွှတ်တော်ကိုယ်စားလှယ်များကိုမူ မဲအများဆုံးရသူ အနိုင်ရသည့်စနစ် (FPTP) ဖြင့်သာ ကျင့်သုံးသင့်ကြောင်း။

· မဲဆန္ဒနယ်သတ်မှတ်ရာတွင် ခရိုင်များကို အခြေခံ၍ မဲဆန္ဒ နယ် စုစုပေါင်း(၃၆)နယ် သတ်မှတ်သင့်ကြောင်း၊ PR Sy-stem အရ ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးဖြစ်သော ပါတီများဖောင်းပွလာနိုင်မှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေဖြင့်သော်လည်းကောင်း၊ စည်း ကမ်းထိန်းသိမ်းခြင်းအားဖြင့်သော်လည်းကောင်း ကန့်သတ် ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့။

တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက် အဖွဲ့(၅) မှ ပြုစုထားသော စာတမ်းကို ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းသိုက်သိုက်ဝင်းကျော်က ကိုယ်စားပြုဆွေးနွေးတင်ပြရာတွင်-

· မဲဆန္ဒရှင်များ၊ ရွေးကောက်ခံကိုယ်စားလှယ်လောင်းများ၊ တိုင်းရင်းသားလူနည်းစုများအားလုံးပါဝင်နိုင်ပြီး တစ်ပါတီ ကြီးစိုးမှုကိုပါ ကန့်သတ်နိုင်သော အချိုးကျကိုယ်စားပြုစနစ် (PR System) ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ အချိုးကျကိုယ်စားပြုစနစ်(PR System)ကို ပြောင်းလဲကျင့်သုံးရာတွင် Closed List PR စနစ်ကို ရွေးချယ်ကျင့်သုံးသင့်ကြောင်း။

· တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ်သတ်မှတ်ရာတွင် သာမန်အားဖြင့် ခရိုင်တစ်ခုလျှင် မဲဆန္ဒနယ်(၁)ခု သတ်မှတ်သင့်သော်လည်း လူဦးရေ သိပ်သည်းဆများသည့်ခရိုင် (သို့မဟုတ်) မြို့နယ်အရေအတွက်များပြားသည့် ခရိုင်ဖြစ်ပါက မဲဆန္ဒနယ် (၁) နယ်ထက်ပို၍ သတ်မှတ်ရန် လိုအပ်ကြောင်း၊ ၁၀ မြို့နယ်နှင့် ယင်းအောက် ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် မဲဆန္ဒနယ် (၁)နယ်သာ သတ်မှတ်သင့်ကြောင်း၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ်ကို ရွေးချယ်ရာ၌ FPTP စနစ်ကိုသာ အသုံးပြုရန် အကြံပြုလိုကြောင်း ဆွေးနွေးတင်ပြခဲ့။

တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အတွက် အဖွဲ့(၆) မှ ပြုစုထားသောစာတမ်းကို ဒီမိုကရေစီပါတီသစ်(ကချင်)မှ ဦးခေါတိန့်က ကိုယ်စားပြုဆွေးနွေးတင်ပြရာတွင်-

· တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများကို Closed List – PR စနစ်ကို ကျင့်သုံးရန် မဲရလဒ်များတွက်ချက်ခြင်းကို ကြွင်းကျန်မဲအများဆုံးစနစ် (Largest Remainder Formula)ကို ကျင့်သုံးရန်၊ မဲဆန္ဒနယ်သတ်မှတ်ရာတွင် မြို့နယ်အလိုက်၊ ခရိုင်များအလိုက် သတ်မှတ် ခြင်းမပြုဘဲ မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ် အဖြစ် သတ်မှတ်ပြီး ကိုယ်စားလှယ်နှစ်ဦးစီကို PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန်၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်များအတွက် ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်ဖြင့်သာ ရွေးကောက်တင်မြှောက်ရန် ဆွေးနွေးတင်ပြခဲ့။

အစီအစဉ်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင်-

· ပါတီများအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အတွင်းက လုပ်ဆောင်နိုင်သည်များကို PR စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် အများအကျိုး ရေရှည်အကျိုးရှေ့ရှုပြီး ဆွေးနွေးပေးကြခြင်းဖြစ်သည့်အတွက် ဆောင်ရွက်ပေးနိုင်သည့်ကိစ္စများကို အကောင်းဆုံးဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း။

· ယခုဆွေးနွေးချက်များကို လေ့လာကြည့်ရာတွင် အများစု အနေဖြင့် လွှတ်တော်သုံးရပ်တွင် PR စနစ်ကို ကျင့်သုံးရာ၌ စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ် (Closed List - PR) ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ မဲဆန္ဒနယ်များ ခွဲဝေသတ်မှတ်ရာတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ် မှတ်ပေးရန် ပြဋ္ဌာန်းထားကြောင်း၊ မဲပေးရာတွင် မဲရုံတိုင်း၌ မဲဆန္ဒရှင်ပြည်သူများက ၎င်းတို့ ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်၏ပါတီအား မဲပေးနိုင်ရန် မဲရုံအဝတွင် ဗီနိုင်း၊ ပိုစတာများဖြင့် ပါတီ၏အမည်အောက်တွင် ဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ ဓာတ် ပုံနှင့် အမည်ကို ဖော်ပြသင့်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်ကို တွေ့ရှိရကြောင်း။

· လွှတ်တော်ရွေးကောက်ပွဲများကို မဲအများဆုံးရသူ အနိုင်ရသည့် (FPTP) စနစ်မှ အချိုးကျကိုယ်စားပြုစနစ် (PR)သို့  ပြောင်းလဲဆောင်ရွက်နိုင်ရန် ယခုဆွေးနွေးချက်များအပေါ်မူတည်၍ မိမိနိုင်ငံနှင့်သင့်လျော်ပြီး ဥပဒေနှင့်လည်း ညီညွတ်မှုရှိစေရန်အတွက်  ပြန်လည်ဆွေးနွေးတိုင်ပင်ပြီး ပြင်ဆင်ရန်လိုအပ်သည့် ဥပဒေများကို ပြင်ဆင်နိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

· ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လုပ်ဖော် ကိုင်ဖက် နိုင်ငံရေးပါတီများနှင့်လက်တွဲပြီး လာမည့်ရွေးကောက်ပွဲကို တိုင်းရင်းသားလူမျိုးစုများ၊ နိုင်ငံရေးပါတီငယ် များ၊ ယင်းတို့ကို ထောက်ခံသည့် ဆန္ဒမဲများအရ ပါဝင်လာနိုင်ပြီး မျှမျှတတမှန်မှန်ကန်ကန်ဖြင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များ ရွေးချယ်ပေးနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။

အခမ်းအနားသို့ နိုင်ငံရေးပါတီ ၆၂ ပါတီမှ ကိုယ်စားလှယ် ၁၁၅ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲတတိယနေ့ အစီအစဉ်ကို ဆက်လက်ကျင်းပရာ အဆိုပါအခမ်းအနားသို့ နိုင်ငံရေးပါတီ ၆၂ ပါတီမှ ကိုယ်စားလှယ် ၁၁၅ ဦး တက်ရောက်ခဲ့။
  • ဆွေးနွေးချက်များကို လေ့လာကြည့်ရာတွင် အများစုအနေဖြင့် လွှတ်တော်သုံးရပ်တွင် PR စနစ်ကို ကျင့်သုံးရာ၌ စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ် (Closed List - PR) ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း။
  • မဲပေးရာတွင် မဲရုံတိုင်း၌ မဲဆန္ဒရှင်ပြည်သူများက ၎င်းတို့ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်၏ပါတီအား မဲပေး နိုင်ရန် မဲရုံအဝတွင် ဗီနိုင်း၊ ပိုစတာများဖြင့် ပါတီ၏အမည်အောက်တွင် ဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်းများ၏ ဓာတ်ပုံနှင့် အမည်ကို ဖော်ပြသင့်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်ကို တွေ့ရှိရ။
  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လုပ်ဖော်ကိုင်ဖက်နိုင်ငံရေးပါတီများနှင့်လက်တွဲပြီး လာမည့်ရွေးကောက် ပွဲကို တိုင်းရင်းသားလူမျိုးစုများ၊ နိုင်ငံရေးပါတီငယ်များ၊ ယင်းတို့ကို ထောက်ခံသည့် ဆန္ဒမဲများအရ ပါဝင်လာ နိုင်ပြီး မျှမျှတတမှန်မှန်ကန်ကန်ဖြင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များ ရွေးချယ်ပေးနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်။