ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မတ်လ ၁၆ ရက်တွင် ကျင်းပသည့် (၂၈) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက-
- ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေးဆောင် ရွက်မည့် စီးပွားရေးလုပ်ငန်းများအပေါ် ကြိုဆိုထောက်ခံကြောင်း။
- မြန်မာနိုင်ငံအနေဖြင့် ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများကို ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးအောင်မြင်စေရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် ဝန်ကြီးများက ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်သည့်အနေဖြင့် အရေးကြီးကုန်စည်များအပေါ် အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများ ဖယ်ရှားရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ထပ်မံသက်တမ်းတိုးရန် သဘောတူခဲ့ကြောင်းနှင့် ယူကရိန်း-ရုရှားပဋိပက္ခကြောင့် အာဆီယံနိုင်ငံများအပေါ် စီးပွားရေးအရ သက်ရောက်နိုင်သည့် အခြေအနေများအား အမြင်ချင်းဖလှယ်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
- ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မတ်လ ၁၆ ရက်တွင် ကျင်းပသည့် (၂၈) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့။
- မြန်မာနိုင်ငံအနေဖြင့် ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများကို ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးအောင်မြင်စေရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်။
Add new comment