မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ “Hana Microfinance” အသေးစားချေးငွေ ရုံးခန်းသို့ မတ်လ ၁၅ ရက် မွန်းလွဲပိုင်းတွင် PDF အကြမ်းဖက်သမား ၂ ဦးရောက်လာပြီး ငွေကိုင်ဝန်ထမ်းဖြစ်သည့် မသီရိထွန်း (၂၉) နှစ်အား သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်တွင် ရုံးခန်း၌ ဝန်ထမ်းအမျိုးသမီး တစ်ဦးတည်းရှိနေစဉ် PDF အကြမ်း ဖက်သမား ၂ ဦးက ရုံးအတွင်းဝင်ရောက်လာ၍ သေနတ်ဖြင့် ချိန်ရွယ်ကာ ငွေသေတ္တာအား ဖွင့်ပေးရန်ပြောဆိုသဖြင့် ဝန်ထမ်းအမျိုးသမီးမှာ ကြောက်လန့်၍ထွက်ပြေးရာ အကြမ်းဖက်သမားများက သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် ဝန်ထမ်းအမျိုးသမီး၏ ဝဲတင်ပါးဖောက်ဝင်ဒဏ်ရာ ၁ ချက်ထိမှန်ခဲ့သဖြင့် အကြမ်းဖက်သမားများက ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ပါသည်။
CRPH၊ NUG အကြမ်းဖက်အဖွဲ့များ၏ စေခိုင်းချက်ဖြင့် PDF အကြမ်းဖက် သမားများက အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်လျက်ရှိရာ ငွေကြေးထောက်ပံ့ မှုများမရရှိသဖြင့် ငွေကြေးလိုအပ်ချက်များစွာရှိသောကြောင့် ခိုးဆိုးလုယက်မှုများမှသည် လူသတ်ဓားပြတိုက်သည်အထိ အသိဉာဏ်မဲ့ မိုက်ရူးရဲဆန်သည့် အပြုအမူ များပါ ပြုလုပ်လျက်ရှိပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝန်ထမ်းအမျိုးသမီးအား ပခုက္ကူဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုပေးစေခဲ့ပြီး အဆိုပါအကြမ်းဖက်မှုကျူးလွန်ခဲ့သည့် PDF အကြမ်းသမား ၂ ဦးအား ဖမ်းဆီးရမိရေး လိုက်လံပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ “Hana Microfinance” အသေးစားချေးငွေ ရုံးခန်းသို့ မတ်လ ၁၅ ရက် မွန်းလွဲပိုင်းတွင် ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားခဲ့။
- ထိုပစ်ခတ်မှုကြောင့် ဝန်ထမ်းအမျိုးသမီး၏ ဝဲတင်ပါးဖောက်ဝင်ဒဏ်ရာ ၁ ချက် ထိမှန်ခဲ့သဖြင့် အကြမ်းဖက်သမားများက ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့။
Add new comment