မတ်လ ၁၅ ရက်တွင် မြစ်ကြီးနားမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ခရီးသည်များ တင်ဆောင်၍ မန္တလေး-မြစ်ကြီးနားကားလမ်းမကြီးအတိုင်း မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ် “သစ္စာလှိုင်"၊ “မနောမန္တလာ"၊ “ချမ်းသာအောင်” ယာဉ်လိုင်းမှ AD Van ယာဉ်ငယ်နှင့် PARADO မော်တော်ယာဉ် စုစုပေါင်း ၄ စီးတို့အား ကန့်ဘလူမြို့နယ်၊ (၁၁)ပေါက်ကျေးရွာအထွက်သို့အရောက်၌ PDF အကြမ်းဖက်သမား ၄၀ ဦးခန့်က တူမီးသေနတ်များဖြင့် ပစ်ခတ်ကာ လမ်းဘေးတွင်ထောင်ထားသည့် လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ-
- “မနောမန္တလာ” ခရီးသည်တင်ယာဉ်မှ ယာဉ်နောက်လိုက်ဖြစ်သူ ကိုမင်းခန့်(၂၁) နှစ်နှင့် “ချမ်းသာအောင်”ယာဉ်လိုင်းအသင်းမှ AD Van ယာဉ်မောင်းဖြစ်သူတို့သည် တူမီးကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့။
- “သစ္စာလှိုင်” ခရီးသည်တင်ယာဉ် ယာဉ်မောင်းဖြစ်သူ ဦးဇော်ဇော်နိုင် (၄၇)နှစ်၊ ယာဉ်နောက်လိုက်ဖြစ်သူ ကိုကျော်မင်းထွန်း (၂၃)နှစ်၊ “မနောမန္တလာ” ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းဖြစ်သူ ဦးရဲဇော်ကို (၃၄)နှစ်၊ အကူယာဉ်မောင်းဖြစ်သူ ကိုဇော်မျိုးဦး (၃၀)နှစ်၊ ယာဉ်မယ်ဖြစ်သူ မဇာနာ (၁၉)နှစ်၊ ခရီးသည်များ ဖြစ်ကြသည့် ကိုမျိုးသူထွန်း (၂၂)နှစ်၊ မမာဌေး (၂၁)နှစ်နှင့် မရီရီရွှေ (၃၁)နှစ် စုစုပေါင်း ၈ ဦးတို့တွင် တူမီးကျည်ထိမှန်ဒဏ်ရာများနှင့် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့။
- မော်တော်ယာဉ် ၄ စီးမှာ မိုင်းစနှင့် တူမီးသေနတ်ကျည်များထိမှန်၍ ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရှိရပါသည်။
ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံးအဆောက်အဦများနှင့် အများ ပြည်သူနေအိမ်များအပြင် တစ်ဖက်သတ် အစွန်းရောက်ဝါဒစွဲအပေါ် အခြေခံကာ အသိဉာဏ်နည်းပါးစွာဖြင့် အများပြည်သူသွားလာနေသည့် လမ်းမကြီးများပေါ်ရှိ ခရီးသွားပြည်သူများအား ပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်ခဲ့သည့် PDF အကြမ်းဖက် သမားများအား ဖော်ထုတ်အရေးယူနိုင်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ (၁၁) ပေါက်ကျေးရွာအနီး မန္တလေး-မြစ်ကြီးနား ကားလမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များအား PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ကာ တူမီးသေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ခရီးသည်တင်မော်တော်ယာဉ်ပေါ်မှ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်တို့ အပါအဝင် အမျိုးသား ၂ ဦး သေဆုံးပြီး အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့။
- ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံးအဆောက်အဦများနှင့် အများပြည်သူနေအိမ်များအပြင် တစ်ဖက်သတ် အစွန်းရောက်ဝါဒစွဲအပေါ် အခြေခံကာ အသိဉာဏ်နည်းပါးစွာဖြင့် အများပြည်သူသွားလာနေသည့် လမ်းမကြီးများပေါ်ရှိ ခရီးသွားပြည်သူများအား ပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်ခဲ့သည့် PDF အကြမ်းဖက်သမားများအား ဖော်ထုတ်အရေးယူနိုင်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိ။
Add new comment