စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့ရှိ ကျေးရွာအချို့ တွင် နေထိုင်ကြသည့် အပြစ်မဲ့ပြည်သူများအား PDF အကြမ်းဖက်သမားများက ဒလန် ဟုစွပ်စွဲ၍ အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ရာ-
- မတ်လ ၁၄ ရက်တွင် PDF အကြမ်းဖက်သမား ၄၀ ဦးခန့်က ချောင်းဦးမြို့နယ်၊ ရွှေလှေကျေးရွာသို့ဝင်ရောက်၍ သေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် မောင်ညိမ်းထက်အောင်(၂၀)နှစ်သည် ကျည်ဆံထိမှန်၍ သေဆုံးခဲ့ပြီး အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာရှိ နေအိမ် ၆၇ လုံး မီးလောင်ပျက်စီး ဆုံးရှုံးကာ ကျေးရွာနေပြည်သူများမှာ ရေစကြိုမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့။
- မတ်လ ၁၅ ရက်တွင် PDF အကြမ်းဖက်သမား ၂၀ ဦးခန့်က ခင်ဦးမြို့နယ်၊ တမုတ်ကျေးရွာအတွင်းသို့ သေနတ်များပစ်ဖောက်ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူများ၏နေအိမ် ၁၀ လုံးအား အကြောင်းမဲ့မီးရှို့ ဖျက်ဆီးခဲ့။
PDF အကြမ်းဖက်သမားများသည် ၎င်းတို့ကိုမထောက်ခံသည့် ကျေးရွာများတွင် ယခုကဲ့သို့ မကြာခဏတိုက်ခိုက်ဖျက်ဆီးလျက်ရှိပြီး ဒေသခံအပြစ်မဲ့ပြည်သူများအား “ဒလန်”ဟုစွပ်စွဲကာ သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် ၎င်းတို့မှ ထွက်ပြေး၍ အဆိုပါ မီးလောင်/ မီးရှို့ဖျက်ဆီးမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့သည့်အသွင်ဖြင့် သတင်းအမှားများ၊ လုပ်ကြံသတင်းများကို ပြည်ဖျက်မီဒီယာများမှ ထုတ်လွှင့်လျက်ရှိကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ အကြမ်းဖက်မှုများပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- PDF အကြမ်းဖက်သမားများက ချောင်းဦးမြို့နယ်၊ ရွှေလှေကျေးရွာသို့ဝင်ရောက်၍ သေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် မောင်ညိမ်းထက်အောင်(၂၀)နှစ်သည် ကျည်ဆံထိမှန်၍ သေဆုံးခဲ့ပြီး အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာရှိ နေအိမ် ၆၇ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့။
- PDF အကြမ်းဖက်သမားများက ခင်ဦးမြို့နယ်၊ တမုတ်ကျေးရွာအတွင်းသို့ သေနတ်များပစ်ဖောက်ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူများ၏နေအိမ် ၁၀ လုံးအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့။
Add new comment