ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး အာဆီယံနိုင်ငံ များမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် နိုင်ငံအလိုက် သီးခြားစီတွေ့ဆုံ၊ ကြိုဆိုညစာစားပွဲသို့ တက်ရောက်

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 19 th ASEAN Chiefs of Defence Forces Meeting (ACDFM-19) တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၁၆ ရက်တွင် ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၊ လာအိုစစ်ဦးစီးဌာန ယာယီအကြီးအကဲ၊ တာဝန်ရှိသူများနှင့် SOKHA Hotel ရှိ အစည်းအဝေးခန်းမ၌ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲများတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုး မြင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပါသည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ဖနောင်ပင်မြို့ SOKHA Hotel ၌ ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General VONG PISEN က တည်ခင်းဧည့်ခံသည့် ကြိုဆိုညစာစားပွဲအခမ်းအနား သို့ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ဇနီးများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၊ လာအိုစစ်ဦးစီးဌာန ယာယီအကြီးအကဲ၊ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးမြင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ဖနောင်ပင်မြို့ SOKHA Hotel ၌ ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တည်ခင်းဧည့်ခံသည့် ကြိုဆိုညစာစားပွဲအခမ်းအနားသို့ အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ဇနီးများနှင့်အတူ တက်ရောက်ခဲ့။

Add new comment