မတ်လ ၁၆ ရက်သည် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်တွင် တစ်ရက်အပါအဝင်ဖြစ်သည့် တပေါင်းလပြည့်နေ့ဖြစ်ပါသည်၊၊ ထိုကဲ့သို့ ထူးမြတ်သော တပေါင်းလပြည့်နေ့တွင် ဘုရား၊ ပုထိုး၊ စေတီ၊ ကျောင်းကန်များ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ ဥပုသ်သီလစောင့်ထိန်းကြသူများ၊ စတုဒိသာကျွေးမွေး လှူဒါန်း ကြသူများဖြင့် စည်ကားလျက်ရှိပါသည်၊၊
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ဒဂုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ရန်ကင်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်တို့ရှိ ဘုရားပုထိုးများ၌ ဆွမ်း၊ ဆီမီး၊ ရေချမ်းကပ်လှူခြင်း၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ မေတ္တသုတ်တော်စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ အလှူရှင်များ၏ စတုဒိသာကျွေးမွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပါသည်၊၊
အလားတူ နေပြည်တော်ရှိ တန်ခိုးကြီး ဘုရားစေတီများ၊ မန္တလေးတိုင်းဒေသကြီးရှိ တန်ခိုးကြီးဘုရားစေတီများအပြင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တန်ခိုးကြီးဘုရားများ၌ ကောင်းမှုကုသိုလ်ပြုကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရှိရပါသည်၊၊
- မတ်လ ၁၆ ရက် တပေါင်းလပြည့်နေ့တွင် ဘုရား၊ စေတီများ၌ ကုသိုလ်ကောင်းမှု ပြုကြသူများ၊ ဥပုသ်သီလစောင့်ထိန်းကြသူများဖြင့် စည်ကားလျက်ရှိ၊၊
- ရန်ကုန်မြို့ရှိ တန်ခိုးကြီး ဘုရားစေတီများ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးရှိတန်ခိုးကြီးဘုရားစေတီများအပြင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တန်ခိုးကြီးဘုရားများ၌လည်း စည်ကားလျက်ရှိ၊၊
Add new comment