ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေး 12th ASEAN Military Operation Meeting (12th AMOM) သို့ တက်ရောက်ခဲ့သည့် မြန်မာ့တပ်မတော်မှ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် မတ် ၁၄ ရက် နှင့် ၁၅ ရက်တို့တွင် အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံမှ ဥက္ကဋ္ဌဖြစ်သူ အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ လာအိုနိုင်ငံ၊ ဘရူနိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့တို့နှင့် တွေ့ဆုံခဲ့ပြီး၊ (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (19th ASEAN Military Intelligence Meeting-AMIM19) တက်ရောက်ရန် ရောက်ရှိနေသည့် မြန်မာ့တပ်မတော်မှ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်သည် မတ်လ ၁၄ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ မတ်လ ၁၅ ရက်တွင် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ လာအိုနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဝင်တို့နှင့် လည်းကောင်း တွေ့ဆုံ ခဲ့ကြပါသည်။ တွေ့ဆုံပွဲများတွင်-
- လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်မှုဆိုင်ရာကိစ္စရပ်များနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့။
တွေ့ဆုံပွဲများအပြီးတွင် တာဝန်ရှိသူများသည် အာဆီယံနိုင်ငံများမှ စစ်ဘက်ကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သိရှိရပါသည်။
- စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် မတ်လ ၁၄ ရက် နှင့် ၁၅ ရက်တို့တွင် အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံမှ ဥက္ကဋ္ဌဖြစ်သူ အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ လာအိုနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ တို့မှ ကိုယ်စားလှယ်တို့နှင့် တွေ့ဆုံခဲ့။
- တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်သည် မတ်လ ၁၄ ရက်တွင် ကမ္ဘော ဒီးယားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့အားလည်းကောင်း၊ မတ်လ ၁၅ ရက်တွင် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ လာအိုနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဝင်တို့နှင့် လည်းကောင်း တွေ့ဆုံခဲ့၊၊
- လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်မှုဆိုင်ရာကိစ္စရပ်များနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့။
Add new comment