၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို မတ်လ ၁၆ ရက်တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများနှင့် ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူကြမည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ မဇ္ဈိမာရုံ ပါရမီစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒသာရထံ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်ပူဇော်ခဲ့ပြီး အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့ရရှိသည့် ဦးစိုင်းမွန်အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့၊ သာသနာ့ဗိမာန် စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်ဣန္ဒသိဂီနှင့် စစ်ကိုင်းမြို့၊ ဒေါ်ဝိဇ္ဇာနန္ဒီ ကံသာကျောင်းသီလရှင်ဆရာကြီး ဒေါ်အဉ္ဇနဝတီတို့ထံ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ် ပစ္စည်းများကို ဆက်ကပ်ပူဇော်ခဲ့ပြီး အဂ္ဂမဟာသီရိသုဓမ္မသိဂီဘွဲ့ ရရှိကြသည့် ဒေါက်တာ စန်းစန်းရီနှင့် ဒေါက်တာခင်မြဝင်းတို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သန်လျင်မင်းကျောင်းဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ ဌေးပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဉာဏဝံသထံ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်ပူဇော်ခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ဇနီးက အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ဂုဏ်ဝေ ပရိယတ္တိ ပဋိပတ္တိ ပရဟိတသီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါက်တာဒေါ်ဆကဝတီထံ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် ပူဇော်ခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုအဆင့် ဌာနဆိုင်ရာအကြီးအကဲများက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့ရရှိသည့်ဆရာတော်ကြီးများထံ ဘွဲ့တံဆိပ် တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ပြည်တွင်း/ပြည်ပ ရဟန်း ၂၈၄ ပါး၊ သီလရှင်ဆရာကြီး ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၄၁ ဦးတို့ကို သာသာနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခဲ့ပြီး မတ်လ ၁၆ ရက်တွင် ကျင်းပသည့် အခမ်းအနားတွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၉ ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၈ ပါး၊ အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၈ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ ဆရာတော်ကြီး ၂၃ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ၃ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၁ ပါး၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ရဟန်း ၆ ပါး တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်ခဲ့ကာ အဂ္ဂမဟာသီရိ သုဓမ္မမဏိ ဇောတဓရ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် ၁ ဦးနှင့် အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူ ပုဂ္ဂိုလ် ၂ ဦးတို့ကိုလည်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပြည်ပဘွဲ့ခံ ဆရာတော်များဖြစ်ကြသည့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီရိလင်္ကာနိုင်ငံ၊ Sithulpawwa Rajamaha Viharaya, Galle ကျောင်းတိုက်ဆရာတော် Venarable Metarenba Hemaratana Nayaka Thero နှင့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီရိလင်္ကာနိုင်ငံ၊ University of Kelaniya ဆရာတော် Director Venerable Medawachchiye Dhammajothi Thero တို့အား ဆရာတော်များ ခေတ္တသီတင်းသုံးလျက်ရှိသည့်နေရာသို့ သွားရောက်ဖူးမြော် ကြည်ညိုခဲ့ပါသည်။

  • ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို မတ်လ ၁၆ ရက်တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ခဲ့။
  • အခမ်းအနားတွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၉ ပါး၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၈ ပါး၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၈ ပါး၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၃ ပါး၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး ၃ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၁ ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ရ ရဟန်း ၆ ပါး တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်ခဲ့ကာ အဂ္ဂမဟာသီရိ သုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် ၁ ဦး နှင့် အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီဘွဲ့ တံဆိပ်ရလူပုဂ္ဂိုလ် ၂ ဦး တို့ကိုလည်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့။

Add new comment