ရန်ကုန်မြို့အခြေစိုက် အနောက်နိုင်ငံများမှ သံရုံးအချို့၏ ပူးတွဲကြေညာချက်အား ကန့်ကွက်

ရန်ကုန်မြို့အခြေစိုက် အနောက်နိုင်ငံများမှ သံရုံးအချို့ သည် ကရင်ပြည်နယ်တွင် ပေါ်ပေါက်နေသည့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် ပူးတွဲကြေညာချက်အား ထုတ်ပြန်ကြေညာခဲ့ရာ ၎င်း ပူးတွဲကြေညာချက်သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၏ ပြဋ္ဌာန်းချက် များကိုချိုးဖောက်၍ သက်ဆိုင်ရာအိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သောကြောင့် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

  • ကရင်ပြည်နယ်တွင် ပေါ်ပေါက်နေသည့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ရန်ကုန်မြို့အခြေစိုက် အနောက် နိုင်ငံများမှသံရုံးအချို့၏ တစ်ဖက်သတ်စွပ်စွဲထုတ်ပြန်မှုများသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်၍ သက်ဆိုင်ရာအိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သောကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ခဲ့။