ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနှင့် စစ်ရုံးမိသားစုများ၊ သင်တန်းသားများအား တွေ့ဆုံခြင်းနှင့် ကမ္ဘောဒီးယားအထူးတပ်ဖွဲ့ဆိုင်ရာ Special Forces Command သို့ သွားရောက်လေ့လာ

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (ACDFM-19) သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်စားတက်ရောက်ရန် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့၊ (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော် စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးသို့ တက်ရောက်မည့် စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော် ထောက်လှမ်းရေး မှူးချုပ်များ အစည်းအဝေးသို့တက်ရောက်မည့် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်အဖွဲ့ဝင်များသည် မတ်လ ၁၄ ရက်တွင် နေပြည်တော်လေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့သို့ ထွက်ခွာခဲ့ကြပါသည်။

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် မတ်လ ၁၄ ရက်နှောင်းပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ သွားရောက်၍ သံရုံးနှင့်စစ်သံရုံးမိသားစုများ၊ သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး သံရုံး၊ စစ်သံရုံးမိသားစုများ၊ သင်တန်းသားများအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးအပ်လိုက်သည့် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်း များကိုပေးအပ်ခဲ့ရာ သံအမတ်ကြီး၊ စစ်သံမှူးနှင့် မိသားစုဝင်များ၊ သင်တန်းသားများက လက်ခံရယူခဲ့ကြပါသည်။

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးဦးဆောင် သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်သူရလှမင်းတို့လိုက်ပါ၍ မတ်လ ၁၅ ရက်တွင် ကမ္ဘောဒီးယားအထူးတပ်ဖွဲ့ Special Forces Command သို့ သွားရောက်လေ့လာခဲ့ပြီး အထူးတပ်ဖွဲ့ Special Forces Command အစည်းအဝေးခန်းမတွင် အထူးတပ်ဖွဲ့ ဒုတိယတပ်မှူးက အထူးတပ်ဖွဲ့သမိုင်းကြောင်း၊ တပ်ဖွဲ့ဆိုင်ရာများနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့မှု မှတ်တမ်းများအား Movie Clip ဖြင့် ရှင်းလင်းတင်ပြသည်ကို ကြည့်ရှုလေ့လာခဲ့ကြောင်းသိရှိရပါသည်။

  • (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (ACDFM-19)၊ (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော် စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးနှင့် (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော် ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေးများသို့ တက်ရောက်ရန် ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာခဲ့။
  • ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးသို့သွားရောက်၍ သံရုံးနှင့်စစ်သံရုံးမိသားစုများ၊ သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးအပ် လိုက်သည့် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများကို ကိုယ်စား ပေးအပ်ခဲ့။
  • ဗိုလ်ချုပ်ကြီး မောင်မောင်အေးဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်သူရလှမင်းတို့လိုက်ပါ၍ မတ်လ ၁၅ ရက်တွင် ကမ္ဘောဒီးယားအထူးတပ်ဖွဲ့ Special Forces Command သို့ သွားရောက်လေ့လာခဲ့။

Add new comment